စပိန်လာလီဂါပွဲစဉ် (၃၀)ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၀)ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 20 June 2020

အက်စ်ပန်ညို - လီဗန်တေး (စနေညနေ ၆း၃၀ နာရီ)

လာလီဂါပြန်စချိန်မှာ တန်းဆင်းဇုန်ထဲကအသင်းတွေထဲ  အက်စ်ပန်ညိုရဲ့ အားထုတ်မှုနဲ့ခြေစွမ်းက အားရစရာပိုဖြစ်လာ သလိုပဲ။ အခုလည်း အိမ်ကွင်းမှာရလဒ်ကောင်းယူဖို့ ကြိုးစား မယ့် အက်စ်ပန်ညိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

ဘီလ်ဘာအို - ဘက်တစ် (စနေည ၉း၃၀ နာရီ)

(၂)ပွဲကစားပြီးချိန်မှာ ဘက်တစ်ခြေစွမ်းက အားရစရာ မရှိလှသေးပါဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးရဖို့အားထုတ် နိုင်စွမ်း လျော့နေသေးတာတွေ့ရတယ်။ အိမ်ရှင် ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်မယ်။

ဂီတာဖေး - အီဘာ (စနေည ၁၂းဝ၀ နာရီ)

အီဘာရဲ့ အစောပိုင်း အဝေးကွင်းကစားပုံ၊ ကစားအားနဲ့ တော့ ဂီတာဖေးကိုယှဉ်ကစားဖို့ မလွယ်လောက်ဘူး။ ဂီတာဖေး ကလည်း အိမ်ကွင်းအားပြုကစားတဲ့အသင်းပါ။ ဂီတာဖေးကိုပဲ ရွေးထားချင်တယ်။ ဂိုးလည်းများသွားနိုင်တယ်။

အက်သလက်တီကို - ဗယ်လာဒိုလစ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

အဖွင့်ပွဲ အဝေးကွင်းနိုင်ပွဲရအောင်ယူထားတဲ့ ဗယ်လာဒို လစ်ကို အက်သလက်တီကို သတိထားပြီး ရင်ဆိုင်ရဖို့ရှိနေ တယ်။ အထူးသဖြင့် သရေထိန်းကစားပြီး ပြိုင်ဘက်အမှားစောင့် ကစားတတ်တဲ့ ဗယ်လာဒိုလစ်ကစားပုံကြောင့် အက်သလက် တီကိုအတွက် ပေါ့ဆလို့မရဘူး။ ဂိုးသွင်းနှုန်း အားရစရာဖြစ် မလာသေးတဲ့ အက်သလက်တီကိုကတော့ ဗယ်လာဒိုလစ်ရဲ့ ခံစစ်ပိတ်ဆို့မှုကို မနည်းဖြိုခွင်းရမယ့်ပုံပါပဲ။ ဒါပေမဲ့ ဗယ်လာဒို လစ်ရဲ့တိုက်စစ်အားနဲ့တော့ အက်သလက်တီကိုရဲ့ မာကျောတဲ့ ခံစစ်ကို သိပ်ပြီးဖိအားပေးနိုင်ဖို့မရှိတာက အက်သလက်တီကို အတွက် အခွင့်အရေးလို့ပြောနိုင်တယ်။ အက်သလက်တီကိုရဲ့ ဒီရာသီတစ်လျှောက် အိမ်ကွင်းကစားပုံက ပိုတက်<ကနေတတ် လို့ ဒီပွဲမှာ တစ်ဦးချင်းအမှားကင်းကင်းနဲ့သာ ကစားသွားနိုင်မယ် ဆိုရင် စိုးရိမ်စရာသိပ်မရှိနိုင်တဲ့ပွဲလို့ပဲ ထင်တယ်။ ဒါ့အပြင် ချန်ပီ ယံလိဂ်ဝင်ခွင့်အတွက်လည်း အရေးကြီးနေလို့ အိမ်ကွင်းနိုင်ပွဲ ယူမယ့် အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ဦးစားပေးထားမယ်။

 

Most Read

Most Recent