ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 20 June 2020

ဘိုင်ယန်မြူးနစ် - ဖရိုင်းဘတ် (စနေည ၈းဝ၀ နာရီ)

(၈)ကြိမ်ဆက်ချန်ပီယံဖြစ်ထားတဲ့ ဘိုင်ယန်မြူးနစ်အ သင်း ဂုဏ်သိက္ခာအတွက်ပဲ ကစားရတော့မယ်။ ဖရိုင်းဘတ်က တော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်ပြန်ကောင်းလာပြီး ယူရိုပါလိဂ် ဝင်ခွင့်လည်း အခြေအနေကောင်းလာတယ်။ ဖရိုင်းဘတ်နဲ့ပဲ စွန့်စားသင့်တယ်။

လိုက်ပ်ဇစ် - ဒေါ့မွန် (စနေည ၈းဝ၀ နာရီ)

အမှတ်ပေးဇယား အဆင့်(၂)နေရာအတွက် ဒေါ့မွန်အ သင်းက နှာတစ်ဖျားသာနေပြီး အခုပွဲ သရေရရင်ကိုပဲ အခြေအ နေကောင်းသွားနိုင်တယ်။ နှစ်သင်းစလုံးက ပြီးခဲ့တဲ့ပွဲစဉ်(၃၂) မှာ မျှော်လင့်မထားတဲ့ရလဒ်တွေနဲ့ အသီးသီးကြုံတွေ့ခဲ့ရ တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲတွေမှာတော့ ဒေါ့မွန်က နိုင်ပွဲတွေ တောက်လျှောက်ရယူနေပြီး (၅)ပွဲဆက် အနိုင်ကစားထားတာ တွေ့ရတယ်။ ဒစ်ဆယ်ဒေါ့ဖ်နဲ့ပွဲမတိုင်မီအထိတော့ လိုက်ပ် ဇစ်အသင်းရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က အကျဘက်ကို ရောက်နေတယ်လို့တောင် ပြောနိုင်တယ်။ ဘိုင်ယန်မြူးနစ်ကို ထည့်မတွက်ရင်တောင် မိုချန်ဂလာဘတ်၊ လေဗာကူဆင်တို့ လိုအသင်းတွေကို လိုက်ပ်ဇစ်အသင်း အိမ်ကွင်းမှာ သရေပဲက စားနိုင်ခဲ့တယ်။ အခုပွဲလည်း ဒေါ့မွန်ကို လိုက်ပ်ဇစ် အနိုင်မ ရနိုင်ဘူး။ 

ဟော်ဖန်ဟင်မ် - အူန်ယွန်းဘာလင် (စနေည ၈းဝ၀ နာရီ)

အူန်ယွန်းဘာလင်က တန်းဆင်းအန္တရာယ်ကနေ လွတ် မြောက်သွားခဲ့ပါပြီ။ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဟော် ဖန်ဟင်မ် နိုင်ပွဲပြန်ယူမှာပါ။

ဒစ်ဆယ်ဒေ့ါဖ် - အော့စ်ဘတ် (စနေည ၈းဝ၀ နာရီ)

အော့စ်ဘတ်အသင်း တန်းဆင်းရမယ့် အန္တရာယ်မရှိတော့ ပါဘူး။ ဒစ်ဆယ်ဒေါ့ဖ်ကတော့ သေရေးရှင်ရေးဖြစ်နေလို့ အိမ်ရှင်  ကို ပိုကြိုက်တယ်။

ဟာသာဘာလင် - လေဗာကူဆင် (စနေည ၈းဝ၀ နာရီ)

နောက်ဆုံး(၃)ပွဲဆက် အရေးနိမ့်ပြီး ဟာသာဘာလင်အ သင်း ရလဒ်တွေပြန်ယိုင်သွားတယ်။ လေဗာကူဆင် အနိုင်ကစား လိမ့်မယ်။

မိန့်ဇ် - ၀ါဒါဘရီမင် (စနေည ၈းဝ၀ နာရီ)

အမှတ်လိုတဲ့(၂)သင်း တွေ့ဆုံတာဖြစ်ပေမယ့် ၀ါဒါဘရီ မင်ရဲ့ရုန်းအားက ပိုသာနိုင်တယ်။ ၀ါဒါဘရီမင်အသင်း အမှတ်ရ အောင် ကစားနိုင်လိမ့်မယ်။

ရှော်လ်ကေး - ဝုလ်ဖ်ဘတ် (စနေည ၈းဝ၀ နာရီ)

ရှော်လ်ကေးအသင်း အိမ်ကွင်း(၆)ပွဲဆက် နိုင်ပွဲပျောက် ထားပါတယ်။ ဝုလ်ဖ်ဘတ် အမှတ်လိုအပ်ပေမယ့် အိမ်ရှင်အနေ နဲ့ သရေတော့ မျှော်လင့်နိုင်ပါတယ်။ 

ကိုလုံး - ဖရန့်ဖတ် (စနေည ၈းဝ၀ နာရီ)

ဘွန်ဒစ်လီဂါပြန်ကစားချိန် ကိုလုံးအသင်း အိမ်ကွင်း(၄) ပွဲစလုံး နိုင်ပွဲပျောက်ထားတယ်။ ဖရန့်ဖတ် အနိမ့်ဆုံးသရေက စားမယ်ထင်တယ်။

ပါဒါဘွန်း - မိုချန်ဂလာဘတ် (စနေည ၈းဝ၀ နာရီ)

တန်းဆင်းသွားရပြီဖြစ်တဲ့ ပါဒါဘွန်းကတော့ ပွဲဖြစ်ရုံ လောက်ပဲ ကစားသွားဖို့များပါတယ်။ မိုချန်ဂလာဘတ်ဘက်က ပဲ ရပ်တည်သင့်တယ်။

 

Most Read

Most Recent