ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 20 June 2020

ဝက်ဖို့ဒ် - လက်စတာ (စနေညနေ ၆းဝ၀ နာရီ)

ဝက်ဖို့ဒ်က မထင်မှတ်တာတွေလုပ်တတ်တယ်။ အသင်းကြီးတွေနဲ့ ပွဲတွေမှာ ရလဒ် ကောင်းတတ်ပြီး၊ အသင်းငယ်တွေနဲ့ ပွဲတွေမှာတော့ ခြေချော်တတ်ပြန်တယ်။ တကယ် တော့ ခံစစ်မှာ အရည်အသွေးမြင့်ကစားသမားနည်းပြီး၊ ကွင်းလယ်နဲ့ တိုက်စစ်မှာ Quality Player တွေ အများကြီးရှိတယ်။ လက်စတာ ပိုကောင်းတာငြင်းလို့မရပေမယ့် ဝက်ဖို့ဒ်က ဒုက္ခပေးနို်င်စွမ်းရှိတဲ့အသင်းပါ။ သရေကျသွားနိုင်တယ်။ 

ဘရိုက်တန် - အာဆင်နယ် (စနေည ၈း၃၀ နာရီ)

ဘရိုက်တန်နဲ့ ဂရေဟမ်ပေါ်တာအတွဲအဖက်မှာ ခြေစွမ်းပိုင်းတိုးတက်လာပေမယ့် များသောအားဖြင့်တော့ တစ်ပွဲကိုတစ်မှတ်ယူတာများတယ်။ အာဆင်နယ်က ပုံစံကောင်း ပြန်ရနေချိန်မှာ ပွဲတွေရပ်နားလိုက်ရတာဖြစ်ပြီး အရှိန်ပျက်သွားတာ နှမြောစရာပါ။ ဒါပေမဲ့ ရာသီပြန်အစကို ယုံကြည်မှုနဲ့ ပြန်လာမယ်လို့ ယူဆရတယ်။ အဆင့် (၅)နေရာအတွက် မျှော်လင့်ချက်ကလည်း ရှိနေဆဲပါပဲ။ အာဆင်နယ်ကို ကြိုက်တယ်။ 

ဝက်စ်ဟမ်း - ဝုလ်ဗ် (စနေည ၁၁းဝ၀ နာရီ)

အဆင့် (၅)နဲ့ (၈)နေရာက မန်ယူနဲ့ စပါးတို့ ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ ဝုလ်ဗ်၊ ရှက်ဖီးယူနိုက်တက်တို့လိုအသင်းတွေအတွက်ကတော့ အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို  ဆုပ်ကိုင်နိုင်ဖို့ကြိုးစားရမှာဖြစ်တယ်။ ဝက်စ်ဟမ်းက အားပျော့ပြီး၊ ခိုင်မာတဲ့ ကစားကွက်မ ရှိဘူး။ ခြေစွမ်းမငြိမ်ဘူး။ ဝုလ်ဗ်ကတော့ ဟန်ချက်ညီပြီး၊ အားကောင်းတဲ့အသင်းတစ်သင်း ဖြစ်တယ်။ ဝုလ်ဗ် နိုင်ပွဲရှာဖို့များတယ်။ 

ဘုန်းမောက် - ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ပဲလေ့စ်က အပေါ်တက်ဖို့မလွယ်သလို၊ တန်းဆင်းဖို့လည်း မရှိတော့တဲ့အသင်းပါ။ ဒါပေမဲ့ ရလဒ်ပိုင်းဆက်တိုက်ကောင်းနေတယ်။ ခံစစ်ပိုင်းကလည်း သိသိသာသာတိုးတက် နေတာကိုတွေ့ရတယ်။ ပြဿနာက Reset ဖြစ်သွားတဲ့အခြေအနေအပြီးမှာ သူတို့ အရင် ပုံစံကို ပြန်ထိန်းနိုင်ပါ့မလားဆိုတာပဲ။ ဘုန်းမောက်က သေရေး၊ ရှင်ရေးအခြေအနေမှာ ရှိနေပါတယ်။ ဘုန်းမောက်ကို ကြိုက်တယ်။ 

Most Read

Most Recent