အာဆင်နယ်အသင်း၏ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က မန်စီးတီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိမိသည် အမှားများကျူးလွန်ခဲ့ကြောင်းနှင့် ယင်းရှုံးပွဲအတွက် အဓိကတာဝန်ရှိသူမှာ မိမိသာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဘောလုံးသမားများသည် လူမှုအကျိုးပြုလုပ်ငန်းစဉ်များတွင် လှုံ့ဆော်သူများဖြစ်လာခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် သာမန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆောက်သမ်တန်အသင်းသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ငြင်းဆန်နေသည့် အသင်းခေါင်းဆောင် ဟော့ဘတ်ထံမှ အသင်းခေါင်း ဆောင်ရာထူးကို အင်္ဂလိပ်ကွင်းလယ်လူ ဝက်ဒ်ပရောက်စ်ထံသို့ လွဲှပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် စတာလင်သွင်းယူခဲ့သည့် မန်စီးတီးအသင်း၏ အဖွင့်ဂိုးသည် ဂွါဒီယိုလာလက်ထက်တွင် (၃၅၀)မြောက်ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ကြောင်း သိရှိရသည်။
လက်စတာစီးတီးအသင်းသည် အသင်း၏ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်အတွက် ပေါင်သန်း (၅၀)တန် ကမ်းလှမ်းမှုကိုရရှိခဲ့လျှင်ပင် လာမည့်ရာသီတွင် ရောင်းထုတ်ရန် စိတ်မဝင်စားသေးကြောင်း သိရှိရသည်။
ရိုးမားအသင်းသည် ယခုတစ်ပတ်ပြန်လည်စတင်မည့် ပွဲစဉ်မှစ၍ စီးရီးအေပြိုင်ပွဲပြီးဆုံးသည်အထိ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ကစားသမားများ၏ အင်္ကျီတွင် Black Lives Matter စာသားကို ရိုက်နှိပ်ဝတ်ဆင်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
တနင်္လာနေ့နှင့် အင်္ဂါနေ့က ပြုလုပ်ခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နောက်ဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် လူပေါင်း(၁၅၄၁)ဦးကို စစ်ဆေးရာ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးတွေ့ရှိသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြာသပတေးနေ့တွင် အတည်ပြုကြေညာခဲ့သည်။










