ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ကြရန် ဘောလုံးသမားများကို ရီးယဲလ်နောက်ခံလူ မာဆယ်လို တိုက်တွန်း 

ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ကြရန် ဘောလုံးသမားများကို ရီးယဲလ်နောက်ခံလူ မာဆယ်လို တိုက်တွန်း 
Photo: AFP
Photo: AFP
Published 18 June 2020

ရီးယဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လိုက ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် ဘောလုံးသမားများအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

မာဆယ်လိုသည် ဇွန်လ (၁၄)ရက်က ကစားခဲ့သည် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၃-၁) အီဘာပွဲတွင် ရီးယဲလ်မက်ဒရစ်အတွက် တတိယဂိုးကို သွင်းယူပေးပြီးနောက် ဒူးတစ်ဖက်ထောက်ပြီး  ညာဘက်လက်ကို မြှောက်ကာ အောင်ပွဲခံခဲ့သည်။ 

မာဆယ်လို ယင်းကဲ့သို့ အောင်ပွဲခံခြင်းမှာ အမေရိကန်နိုင်ငံတွင် လူဖြူရဲအရာရှိတစ်ဦးကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် လူမည်းအမျိုးသားတစ်ဦးဖြစ်သူ ဂျော့ချ်ဖလွိုက်ကို အကြောင်းပြုကာ ပေါ်ပေါက်လာသည့် Black Lives Matter လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 

လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သည့် Black Lives Matter လှုပ်ရှားမှုတွင် နာမည်ကျော်ဘောလုံးသမားများနှင့် ဥရောပထိပ်တန်းကလပ်အသင်းများပါ ပါဝင်နေပြီး မာဆယ်လိုက ဘောလုံးသမားများအနေဖြင့် ၎င်းတို့၏ကျော်ကြားမှုကို  ကောင်းမွန်သောပြောင်းလဲခြင်းများအတွက် အသုံးချရန် သူ၏ Instagram တွင်ရေးသားကာ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

မာဆယ်လိုသည် အီဘာနှင့်ပွဲတွင် ဒူးထောက်အောင်ပွဲခံနေသည့် သူ၏ဓာတ်ပုံနှင့်အတူ ''ရီးယဲလ်နဲ့အတူ ပြန်လာရတာကို ပျော်တယ်။ ဂိုးသွင်းနိုင်ခဲ့လို့လည်း ပျော်တယ်။ ဒါပေမဲ့ ပိုပြီးပျော်စရာကောင်းတာက ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို မြင်ရတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့မှာရှိတဲ့ ပါ၀ါတွေကို အသုံးပြုပြီး စစ်မှန်တဲ့ပြောင်းလဲမှုတွေကို စတင်ရမှာပါ'' ဟု သူ၏  Instagram  တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent