စီရော်နယ်လ်ဒို အမေရိကန်တွင် ကစားလိမ့်မည်ဟု နာနီ ဖွင့်ဟ

စီရော်နယ်လ်ဒို အမေရိကန်တွင် ကစားလိမ့်မည်ဟု နာနီ ဖွင့်ဟ
Photo: Nani Facebook
Photo: Nani Facebook
Published 18 June 2020

ဂျူဗင်တပ်စ်ကြယ်ပွင့် စီရော်နယ်လ်ဒို၏ အသင်းဖော်ဟောင်းနှင့် ရင်းနှီးသည့်မိတ်ဆွေတစ်ဦးဖြစ်သူ နာနီက စီရော်နယ်လ်ဒိုသည် ကစားသမားဘဝကို အမေရိကန်မေဂျာလိဂ်၌ အဆုံးသတ်လိုသည်ဟု မိမိအား ပြောဖူးကြောင်း ESPN သို့ ဖွင့်ဟခဲ့သည်။ 

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ဒေးဗစ်ဘက်ခမ်၊ အီဘရာဟီမိုဗစ်၊ အွန်နရီ၊ ဒေးဗစ်ဗီလာတို့၏လမ်းစဉ်ကိုလိုက်၍ မေဂျာလိဂ်၌ ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိနေခြင်း ဖြစ်သည်။ 

နာနီက ''လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က သူကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့အနေနဲ့ အမေရိကမှာ ကစားသမားဘဝကို အဆုံးသတ်နိုင်တယ် ဆိုပြီးတော့ပေါ့။ ဒါက (၁၀၀)ရာခိုင်နှုန်း မသေချာပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အရာပါပဲ''ဟု ပြောကြားခဲ့သည်။ 

နာနီသည်  မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းတွင် ကစားနေသူဖြစ်ပြီး စီရော်နယ်လ်ဒိုသည် ဒေးဗစ်ဘက်ခမ် ပိုင်ဆိုင်သည့် မေဂျာလိဂ်အသင်းသစ် အင်တာမိုင်ယာမီနှင့် ချိတ်ဆက်မှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

Most Read

Most Recent