ယူအက်စ်အိုးပင်း၏ တင်းကျပ်သည့်စည်းမျဉ်းများကြောင့် ယှဉ်ပြိုင်ဖြစ်ဖွယ်မရှိဟု ထိပ်တန်းကစားသမားများဖြစ်သည့် ဂျိုကိုဗစ်၊ ဒိုမီနစ်ထင်းမ်နှင့် ဇီဗာရက်ဗ် အရိပ်အမြွက်ပြောကြား

ယူအက်စ်အိုးပင်း၏ တင်းကျပ်သည့်စည်းမျဉ်းများကြောင့် ယှဉ်ပြိုင်ဖြစ်ဖွယ်မရှိဟု ထိပ်တန်းကစားသမားများဖြစ်သည့် ဂျိုကိုဗစ်၊ ဒိုမီနစ်ထင်းမ်နှင့် ဇီဗာရက်ဗ် အရိပ်အမြွက်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 14 June 2020

၎င်းတို့ဝေဖန်ခဲ့သည့် အချက်များမှာ အမေရိကန်သို့ လာရောက်သည့် မည်သူမဆို ၁၄ ရက်ကြာ Quarantine နေထိုင်ရခြင်း၊ ပွဲကစားချိန်တွင် ပြိုင်ပွဲဝင်၏အဖွဲ့မှ တစ်ဦးသာလိုက် ပါခွင့်ရခြင်း၊ ပြိုင်ပွဲကျင်းပသည့်နေရာ အနီးရှိ လေဆိပ်ဟိုတယ်များတွင်သာ နေထိုင်ရခြင်း၊ ကွင်းများသို့သွား ရောက်ခွင့် ကန့်သတ်တားမြစ်ခြင်း နှင့် နယူးယောက်မြို့အတွင်း သွားလာခွင့်ကို အကန့်အသတ်ဖြင့်သာခွင့်ပြုခြင်း စသည်တို့ဖြစ်ပြီး တင်း ကျပ်သည့် စည်းမျဉ်းများကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ကြသည်။

ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်အပါအဝင် ထိပ်တန်းကစားသမားများဖြစ်သည့် ဒိုမီနစ်ထင်းမ်၊ ဇီဗာရက်ဇ်တို့က ယူအက်စ်အိုးပင်းဂရင်းစလင်းပြိုင်ပွဲ၏ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် ပါဝင်ယှဉ်ပြိုင်ဖြစ်ဖွယ်မရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သေဆုံး သူ ၁၁၇၀၀၀ ကျော်ဖြင့် ကမ္ဘာတစ်ဝန်း သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သောကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲအတွက် တင်းကျပ်သည့်စည်းမျဉ်းများ သတ်မှတ်ထားသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

၎င်းတို့ဝေဖန်ခဲ့သည့် အချက်များမှာ အမေရိကန်သို့ လာရောက်သည့် မည်သူမဆို ၁၄ ရက်ကြာ Quarantine နေထိုင်ရခြင်း၊ ပွဲကစားချိန်တွင် ပြိုင်ပွဲဝင်၏အဖွဲ့မှ တစ်ဦးသာလိုက် ပါခွင့်ရခြင်း၊ ပြိုင်ပွဲကျင်းပသည့်နေရာ အနီးရှိ လေဆိပ်ဟိုတယ်များတွင်သာ နေထိုင်ရခြင်း၊ ကွင်းများသို့သွား ရောက်ခွင့် ကန့်သတ်တားမြစ်ခြင်း နှင့် နယူးယောက်မြို့အတွင်း သွားလာခွင့်ကို အကန့်အသတ်ဖြင့်သာခွင့်ပြုခြင်း စသည်တို့ဖြစ်ပြီး တင်း ကျပ်သည့် စည်းမျဉ်းများကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ကြသည်။

"အခုအချိန်မှာ ဆောင်ရွက်နေတဲ့စနစ်တွေက အရမ်းပြင်းထန်ပါတယ်။ ယူအက်စ်အိုးပင်းနဲ့ ပြိုင်ပွဲ မတိုင်ခင် လိုက်နာရမယ့်အချက် တချို့ ဥပမာပြောရရင် အမေရိကန်ကိုရောက်တာနဲ့ ၁၄ ရက် Quarantine နေရမယ့်ကိစ္စပါ။ ကျွန်တော် အပါအဝင် တင်းနစ်ကစားသမား အများစုက တင်းနစ်ကွင်းတွေဆီ သွားခွင့်ရမှာမဟုတ်သလို လေ့ကျင့်ခွင့်လည်း ရမှာမဟုတ်ပါဘူး။ အခုအချိန်မှာ အဲဒီကိစ္စတွေအကြောင်း တွေးကြည့်လို့တောင်မရပါဘူး။ မန်ဟက်တန်ကို သွားခွင့်မရဘူး။ လေဆိပ်က ဟိုတယ်မှာပဲ အိပ်ရမယ်။ ကိုယ့်ရဲ့အဖွဲ့က လူတစ်ယောက်ကိုပဲ ရွေးချယ်ပြီးခေါ်ရမယ်။ ပရိသတ်တွေရော မီဒီယာတွေပါမရှိဘူး။ ဒီ အခြေအနေက ပွဲကစားဖို့အတွက် တော်တော်ခက်ခဲပါတယ်။ ဒါတွေက အချိန်ကြာတဲ့အထိရှိနေဦးမလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့ ကစားသမားအများစုကတော့ သွားပြိုင်ဖြစ်မလား ဆိုတာနဲ့ပတ်သက်ပြီး တော်တော်လေးငြင်းဆန်ကြတယ်။ လောလောဆယ် ကျွန်တော့်အခြေ အနေကလည်း စက်တင်ဘာမှပဲ မြေစေးကွင်းပြိုင်ပွဲမှာကစားဖို့ ဖြစ်နိုင်ခြေများပါတယ်" ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲကို သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားပြီး ယခင်က မေ-ဇွန် တွင် ကျင်းပနေကျဖြစ်သည့် ပြင်သစ် အိုးပင်း မြေစေးကွင်းပြိုင်ပွဲကို စက်တင်ဘာ-အောက်တိုဘာသို့ရွှေ့ဆိုင်းထားသဖြင့် ဂျိုကိုဗစ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့် ၃ ကစားသမား ဒိုမီနစ်ထင်းမ်ကလည်း "ဒီအခြေအနေအားလုံးက တော်တော်မလွယ်ပါဘူး။ အဲဒီကိုသွားဖို့အတွက်ဆိုရင် တချို့အခြေအနေတွေ ပြောင်းလဲ သွားဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ အခြေအနေက တိုးတက်လာနိုင်သလို ဒီတိုင်းဆက်ရှိနေတာလည်း ဖြစ်နိုင်တယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာ့အဆင့် ၇ ကစား မား ဇီဗာရက်ဗ်က "ဒီအတိုင်းသာဆိုရင် ဒီပတ်ဝန်းကျင်အခြေအနေက ကစားသမားအများစုအတွက် အဆင်ပြေမယ်လို့ မထင်ပါဘူး။ ဒါတွေက ကစားသမားနဲ့မဆိုင်ဘဲ ယူအက်စ်အိုးပင်းက ဆုံးဖြတ်ရမှာလို့ထင်ပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent