COVID-19 ကာလအလွန် အီတလီနိုင်ငံ၌ ပထမဆုံးပြန်လည်ကစားသည့် ဂျူဗင်တပ်စ်-အေစီမီလန် ကိုပါအီတာလီယာဖလားပြိုင်ပွဲကိုအစိုးရပိုင် RAI ရုပ်သံက အခမဲ့ထုတ်လွှင့်ပြသရာ ကြည့်ရှုသူ ၈ ဒသမ ၃ သန်းဖြင့် စံချိန်တင်

COVID-19 ကာလအလွန် အီတလီနိုင်ငံ၌ ပထမဆုံးပြန်လည်ကစားသည့် ဂျူဗင်တပ်စ်-အေစီမီလန် ကိုပါအီတာလီယာဖလားပြိုင်ပွဲကိုအစိုးရပိုင် RAI ရုပ်သံက အခမဲ့ထုတ်လွှင့်ပြသရာ ကြည့်ရှုသူ ၈ ဒသမ ၃ သန်းဖြင့် စံချိန်တင်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 14 June 2020

RAI ရုပ်သံ သည် အီတလီလက်ရွေးစင်အသင်း ၏ပွဲများကိုလည်း အခမဲ့ပြသပေးလျက်ရှိပြီး လက်ရွေးစင်အသင်း၏ ကြည့်ရှုမှုအများဆုံးပွဲမှာ ပြီးခဲ့သည့် နှစ် ဇွန်လက ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘော့စနီးယားအသင်းနှင့် ကစားသည့်ပွဲဖြစ်ကာ ကြည့်ရှုသူ ၇ ဒသမ ၄ သန်းရှိခဲ့သည်။ RAI အနေ ဖြင့် ဇွန် ၂၀ ရက်တွင် တစ်ကျော့ပြန် စတင်မည့် စီးရီးအေပွဲစဉ်များကိုလည်း အခမဲ့ထုတ်လွှင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ကာလအလွန် အီတလီနိုင်ငံ၌ ပထမဆုံးပြန်လည် ကစားသည့် ဂျူဗင်တပ်စ်-အေစီမီလန် ကိုပါအီတာလီယာဖလားပြိုင် ပွဲကို အစိုးရပိုင် RAI ရုပ်သံက အခမဲ့ ထုတ်လွှင့်ပြသရာ ကြည့်ရှုသူ ၈ ဒသမ ၃ သန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ ဖြစ်သည့် ဂျူဗင်တပ်စ်-အေစီမီလန် ပွဲကို ဇွန် ၁၂ ရက် ညပိုင်းက တူရင် မြို့ရှိ Allianz Stadium ၌ ကျင်းပ ခဲ့ပြီး ယင်းပွဲမှာ မတ် ၉ ရက်နောက် ပိုင်း အီတလီနိုင်ငံ၌ ပထမဆုံးပြန် လည်ကျင်းပသည့် ဘောလုံးပွဲလည်း ဖြစ်သည်။ ယင်းပွဲစဉ်ကို အီတလီ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနပိုင် RAI ရုပ်သံက အခမဲ့ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူ ၈ ဒသမ ၃ သန်းဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ 

COVID-19 မတိုင်ခင် ကြည့်ရှုမှု အများဆုံး စံချိန်တင်ထားသည့်ပွဲမှာ ဆီမီးဖိုင်နယ် ပထမအကျော့ဖြစ်သည့် အေစီမီလန် (၁-၁) ဂျူဗင်တပ်စ် ပွဲဖြစ်ပြီး ၈ ဒသမ ၀၉ သန်းဖြင့် စံချိန်တင်ထားသည်။ RAI ရုပ်သံ သည် အီတလီလက်ရွေးစင်အသင်း ၏ပွဲများကိုလည်း အခမဲ့ပြသပေးလျက်ရှိပြီး လက်ရွေးစင်အသင်း၏ ကြည့်ရှုမှုအများဆုံးပွဲမှာ ပြီးခဲ့သည့် နှစ် ဇွန်လက ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘော့စနီးယားအသင်းနှင့် ကစားသည့်ပွဲဖြစ်ကာ ကြည့်ရှုသူ ၇ ဒသမ ၄ သန်းရှိခဲ့သည်။ RAI အနေ ဖြင့် ဇွန် ၂၀ ရက်တွင် တစ်ကျော့ပြန် စတင်မည့် စီးရီးအေပွဲစဉ်များကိုလည်း အခမဲ့ထုတ်လွှင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) သည် ယခုတစ်ပတ်ယှဉ် ပြိုင်ကစားသည့် ကိုပါအီတာလီယာ ဖလားပြိုင်ပွဲပြီးပြီးချင်းမှာပင် ကစား သမားများအား သီးခြားခွဲထား၍ COVID-19 စစ်ဆေးမှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ ရောမအခြေ စိုက် IL Messaggero သတင်းစာ၏ ဖော်ပြချက်အရ ကစားသမားများ အနေဖြင့် ပွဲကစားပြီးသည့်ညမှာပင် သီးခြားခွဲထား၍ စစ်ဆေးမှုခံယူခဲ့ရ ပြီး လာမည့်ပွဲမတိုင်မီ နှစ်ကြိမ်နှင့် ပွဲအပြီးတွင် တစ်ကြိမ် ထပ်မံစစ်ဆေး ခံရမည်ဖြစ်သည်။ ယင်းကဲ့သို့ပြုလုပ် ခြင်းမှာ အချင်းချင်းကူးစက်မှုမရှိ ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာစေ ရန်နှင့် ရက်သတ္တပတ်နှစ်ပတ် (၁၄ ရက်) ကြာ သီးခြားခွဲနေရမည့်အခြေအနေကို ရှောင်လွှဲနိုင်ရန်ဖြစ်သည်။ 

အီတလီအစိုးရ၏ ကနဦး လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်အရ ကစားသမားတစ်ဦး Positive တွေ့ ရှိပါက တစ်သင်းလုံး နှစ်ပတ်ကြာ Quarantine နေထိုင်ရမည်ဖြစ်သော်လည်း FIGC က သိပ္ပံနှင့် နည်းပညာဆိုင်ရာကော်မတီထံ အယူခံဝင်ပြီးနောက် ယင်းလုပ်ထုံးလုပ်နည်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent