ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: Squawka
Photo: Squawka
Published 7 June 2020

၀ါဒါဘရီမင် - ဝုလ်ဖ်ဘတ် (တနင်္ဂနွေ ညနေ ၆းဝ၀ နာရီ)

အမှတ်ပေးဇယားရပ်တည်မှုမှာတော့ ဒီ(၂)သင်းအကြား အတော်ကွာပါတယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ၀ါဒါဘရီ မင်အသင်းက အပြတ်အသတ်အသာစီးရထားတာ အံ့အား သင့်စရာကောင်းပါတယ်။ အမှတ်ပေးပွဲနောက်ဆုံးတွေ့ဆုံမှု (၈) ပွဲဆက် ၀ါဒါဘရီမင်အသင်းက ရှုံးပွဲမရှိ ကစားထားပြီး (၆)ပွဲအ ထိ အနိုင်ယူထားတာ တွေ့ရတယ်။ လက်ရှိအခြေအနေအရ လည်း ဝုလ်ဖ်ဘတ်ထက် ၀ါဒါဘရီမင်က သေရေးရှင်ရေးပိုဖြစ် နေတာကြောင့် တွန်းအားပိုရှိနေတယ်။ ၀ါဒါဘရီမင် အမှတ်ရ လိမ့်မယ်။

အူန်ယွန်းဘာလင် - ရှော်လ်ကေး (တနင်္ဂနွေည ၈းဝ၀ နာရီ)

ပြိုင်ပွဲတွေပြန်လည်စတင်ချိန်မှာ ရလဒ်ဆိုးနေတဲ့အသင်း (၂)သင်း ထိပ်တိုက်တွေ့ဆုံကြတာပါ။ ရှော်လ်ကေးအသင်းက အမှတ်ဆုံးရှုံးလို့ရသေးတဲ့ အခြေအနေဖြစ်တာ ထည့်တွက်ရ မယ်။ အူန်ယွန်းဘာလင် အမှတ်ယူမှာပါ။

အော့စ်ဘတ် - ကိုလုံး (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

လက်ရှိခြေစွမ်းပိုင်းချင်းယှဉ်ရင် ကိုလုံးထက် အော့စ်ဘတ် အသင်းက သာနေပါတယ်။ အော့စ်ဘတ်အသင်း အိမ်ကွင်း(၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပေမယ့် ဒီတစ်ပွဲတော့ အနိမ့်ဆုံး သရေကစားနိုင်မယ်ထင်တယ်။

Most Read

Most Recent