ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 June 2020

လိုက်ပ်ဇစ် - ပါဒါဘွန်း (စနေည ၈းဝ၀ နာရီ)

ဘွန်ဒစ်လီဂါပြိုင်ပွဲကို ရပ်နားထားရာကနေ ပြန်လည်စ တင်ချိန်မှာလည်း လိုက်ပ်ဇစ်ရဲ့ရလဒ်ပိုင်းတွေက အတက်အကျ များနေသေးတယ်။ အစောပိုင်းက ဥရောပပြိုင်ပွဲကြောင့်လို့ အ ကြောင်းပြချက်ပေးလို့ရပေမယ့် အခု ဘွန်ဒစ်လီဂါတစ်ခုတည်း ကိုပဲ အာရုံစိုက်ကစားနေရချိန် အသင်းမှာ တည်ငြိမ်မှုမရသေး တာက ရာသီကုန်ပန်းဝင်ခရီးအတွက် စိုးရိမ်စရာပါပဲ။ ပိုဆိုးတာ က အိမ်ကွင်းမှာ ရမှတ်တွေ ဆုံးရှုံးနေတာပါ။ ပုံမှန်အားဖြင့်တော့ လိုက်ပ်ဇစ်က အိမ်ကွင်းမာတဲ့အသင်းစာရင်းထဲ မပါဝင်ပေမယ့်  လတ်တလောမှာတော့ အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအ ထိ သရေကျခဲ့ကာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ပါဒါဘွန်းကတော့ လက်ကျန်မျှော်လင့်ချက်အနည်းငယ်အတွက် ရုန်းကန်နေချိန် မှာ ဒေါ့မွန်နဲ့ပွဲ ဂိုးပြတ်အရှုံးက အသင်းစိတ်ဓာတ်ကိုပါ ရိုက်ချိုး လိုက်သလို ဖြစ်သွားစေနိုင်တယ်။ လက်ရှိအနေအထားကလည်း ပါဒါဘွန်းတို့ တန်းဆင်းဇုန်က လွတ်ဖို့ မလွယ်လောက်တော့ဘူး။ လိုက်ပ်ဇစ်ကိုပဲ ကြိုက်တယ်။

လေဗာကူဆင် - ဘိုင်ယန်မြူးနစ် (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ဝင်ခွင့်အပြိုင်လုနေရ တဲ့ လေဗာကူဆင်၊ မိုချန်ဂလာဘတ်အသင်းတွေနဲ့ ပွဲကျပ်ဆက် တိုက်ကစားရမှာပါ။ လက်ရှိခြေစွမ်းအရ ယုံကြည်မှုမြင့်တက် နေတဲ့ ဘိုင်ယန်အသင်းကို ဘယ်အသင်းမှ တားဆီးနိုင်ဖို့ မ လွယ်ဘူး။ ဂိုးရဖို့ လီဝန်ဒေါစကီးတစ်ဦးတည်းကိုပဲ မှီခိုနေရတဲ့ အနေအထား မဟုတ်တော့ဘဲ နေရာစုံက ဂိုးသွင်းနိုင်သူတွေ ပိုများလာတယ်။ ဘိုင်ယန်ရဲ့ထူးခြားမှုက အမှတ်ပေးဇယားမှာ (၇)မှတ်ဖြတ်ထားနိုင်ပေမယ့် ကစားသမားပိုင်းက ပေါ့ပေါ့လျော့ လျော့မရှိဘဲ အင်တိုက်အားတိုက်ကစားနေတာ တွေ့ရတယ်။  လေဗာကူဆင်က ဝုလ်ဖ်ဘတ်ကို ဂိုးပြတ်ရှုံးပြီး ဖရိုင်းဘတ်နဲ့ ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် ကစားပုံက ဝုလ်ဖ်ဘတ်နဲ့ပွဲမတိုင်မီ က ပုံစံမျိုး မဟုတ်တော့ဘူး။ လေဗာကူဆင်က ဘိုင်ယန်နဲ့တွေ့ ဆုံမှု နောက်ဆုံး(၂)ပွဲဆက် အနိုင်ကစားထားပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ထပ်အမှားခံလို့မရတော့တဲ့အခြေအနေမှာ ရှိ နေတာ သတိပြုရမှာပါ။ လေဗာကူဆင်ကွင်းဖြစ်လို့ အိမ်ရှင်ကို ပဲ ရွေးချယ်ချင်တယ်။

ဖရန့်ဖတ် - မိန့်ဇ် (စနေည ၈းဝ၀ နာရီ)

မိန့်ဇ်အသင်းက အမှတ်ပေးပွဲတွေ ပြန်လည်ကစားချိန်မှာ နိုင်ပွဲမရယူနိုင်သေးဘူး။ ဒါပေမဲ့ အဝေးကွင်း(၂)ပွဲစလုံးမှာတော့ အမှတ်ခွဲယူနိုင်ခဲ့တာ တွေ့ရတယ်။ ဖရန့်ဖတ်က တန်းဆင်းဇုန် အန္တရာယ်နဲ့ဝေးရာကို ရောက်စေဖို့အတွက် အမှတ်လိုအပ်နေ သေးတယ်။ မိန့်ဇ်ကလည်း အမှတ်လိုတဲ့အသင်းဖြစ်ပေမယ့် ဖရန့်ဖတ်ကိုပဲ ရွေးချင်တယ်။

ဒစ်ဆယ်ဒေါ့ဖ် - ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

ဘိုင်ယန်လိုအသင်းကို ဂိုးပြတ်ရှုံးခဲ့တာက ဒစ်ဆယ်ဒေါ့ဖ် အတွက် ပြဿနာတော့မဟုတ်ဘူး။ ဒစ်ဆယ်ဒေါ့ဖ်က အိမ်ကွင်း ရလဒ်လည်း ကောင်းပါတယ်။ ဟော်ဖန်ဟင်မ် နိုင်ပွဲဆက်နေပေ မယ့် အိမ်ရှင်အသင်း မရှုံးလောက်ဘူး။

ဒေါ့မွန် - ဟာသာဘာလင် (စနေည ၁၁းဝ၀ နာရီ)

ပြီးခဲ့တဲ့ ပါဒါဘွန်းနဲ့ပွဲမှာ ဟော်လန်းဒဏ်ရာရနေတဲ့ ဒေါ့ မွန်တိုက်စစ်က ဂိုးဒါဇင်ဝက်အထိသွင်းပြီး ဂိုးမြူးခဲ့ပါတယ်။  အစောပိုင်းမှာ သော်ဂန်ဟာဇက်၊ ဘရန့်တို့ အပိုင်အခွင့်အရေး တွေရပေမယ့် အဆုံးသတ်အားနည်းလို့သာ ဂိုးရနည်းသွားခဲ့ တာဖြစ်တယ်။ ဒါပေမဲ့ အခုဆုံတွေ့မယ့် ဟာသာဘာလင်က ပါဒါဘွန်းလို ဒေါ့မွန်ကို အခွင့်အရေးတွေ အလွယ်တကူပေး မယ့်အသင်းမျိုး မဟုတ်ပါဘူး။ ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည် စတင်ချိန် နည်းပြသစ် လတ်ဘာဒီယာလက်ထဲ တစ်မုဟုတ် ချင်းပြောင်းလဲသွားတဲ့ ဟာသာဘာလင်ရဲ့တိုးတက်မှုက ချီး ကျူးလောက်စရာပါ။ ခံစစ်ပိုင်းကလည်း လိုက်ပ်ဇစ်နဲ့ပွဲကလွဲ လို့ ကျန်တဲ့(၃)ပွဲမှာ Clean Sheet ရအောင် ကစားနိုင်ခဲ့ပါ တယ်။ လိုက်ပ်ဇစ်ကို သရေကစားထားပေမယ့် ဟာသာဘာ လင်ရဲ့အသင်းကြီးတွေအပေါ် တုံ့ပြန်နိုင်စွမ်းကိုတော့ ဆက် လက်စောင့်ကြည့်ရဦးမယ်။ ဒေါ့မွန်က ဘိုင်ယန်နဲ့ပွဲမတိုင်မီ အိမ်ကွင်း(၉)ပွဲမှာ (၈)ပွဲက အနိမ့်ဆုံး(၃)ဂိုးစီ သွင်းယူထားခဲ့ တဲ့အသင်းပါ။ ဒေါ့မွန် ဂိုးပြတ်နိုင်ဖို့များတယ်။

Most Read

Most Recent