ကိုပါအီတာလီယာပြိုင်ပွဲ ယှဉ်ပြိုင်မည့်နေ့ရက်များ အတည်ပြုထုတ်ပြန်

ကိုပါအီတာလီယာပြိုင်ပွဲ ယှဉ်ပြိုင်မည့်နေ့ရက်များ အတည်ပြုထုတ်ပြန်
Photo: B/R Football
Photo: B/R Football
Published 5 June 2020

အီတလီဘောလုံးအဖွဲ့ချုပ်သည် ကိုပါအီတာလီယာပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်မည့်နေ့ရက်များကို အတည်ပြုထုတ်ပြန်လိုက်သည်။

၂၀၁၉-၂၀ ရာသီ ကိုပါအီတာလီယာပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီနှင့် အင်တာမီလန်တို့ တက်ရောက်ခဲ့ကြပြီး ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလကတည်းက ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်သည်။

ယခုအခါ ဆီမီးဖိုင်နယ်ဒုတိအကျော့ပွဲစဉ်များအဖြစ်  ဇွန်(၁၂)တွင် ဂျူဗင်တပ်စ်-အေစီမီလန်၊ ဇွန်(၁၃)တွင် နာပိုလီ-အင်တာမီလန်ပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲကို ဇွန်(၁၇)တွင် ရောမမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီတလီအစိုးရသည် ဇွန်(၁၃)အထိ အားကစားပြိုင်ပွဲများ ကျင်းပခွင့်မပြုရန် ဆုံးဖြတ်ထားသော်လည်း ယခုအခါ အီတလီဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုမှုကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent