ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ဒဏ်ရာပြဿနာကြောင့် ပြန်လည်စတင်မည့် လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိကြောင်း သိရှိရသည်။
မက်ဆီသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးအစီအစဉ်တွင် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
မက်ဆီသည် ညာဘက် ခြေထောက်တွင် ကြွက်သားနာကျင်မှုပြဿနာရှိနေပြီး အသင်း၏လေ့ကျင့်ရေးခန်းမတွင် သီးသန့်လေ့ကျင့်မှု ပြုလုပ်ခဲ့ရသည်။
အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်သူ မက်ဆီအနေဖြင့် ပြီးခဲ့သည့်နွေရာသီကလည်း ယင်းဒဏ်ရာကြောင့် ၂၀၁၉-၂၀ ရာသီ၏အစောပိုင်းပွဲများကို လွဲချော်ခဲ့ရသည်။
ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ဇွန်(၁၄)၌ မာယော့ကာအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။










