လီဗာပူးလ်အသင်းမှ ကစားသမားများသည် အမေရိကန်နိုင်ငံ၌ ရဲအရာရှိတစ်ဦးကြောင့် သေဆုံးသွားခဲ့ရသော ဂျော့ချ်ဖလွိုက်ဘက်မှ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် အန်ဖီးလ်ကွင်းအတွင်း ဒူးထောက်ပြသခဲ့ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းမှ ကစားသမား (၂၉)ဦးသည် အန်ဖီးလ်ကွင်းအတွင်းမှ ကွင်းလည်စက်ဝိုင်းတွင် ၀ိုင်းပတ်နေရာယူကာ ဂျော့ချ်ဖလွိုက်ဘက်မှ ရပ်တည်ကြောင်းနှင့် ပြသခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယင်းဓာတ်ပုံကို ''စုစည်းမှုသည် အင်အား'' ဟူသည့် စာတန်းနှင့်အတူ လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။
လူမည်းတစ်ဦးဖြစ်သည့် ဂျော့ချ်ဖလွိုက်သေဆုံးခဲ့ရမှုအတွက် အားကစားလောကအတွင်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများစွာ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။










