ရီးယဲလ်အသင်းအား ကာမာဗင်ဂါ ရွေးချယ်ထားဟု AS ဖော်ပြ

ရီးယဲလ်အသင်းအား ကာမာဗင်ဂါ ရွေးချယ်ထားဟု AS ဖော်ပြ
Published 1 June 2020

ဥရောပ၏ အလားအလာအရှိဆုံး ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသည့် ပြင်သစ်ကလပ် ရန်းစ်အသင်း၏ ပြင်သစ်လူငယ်ကွင်းလယ်လူ ကာမာဗင်ဂါ (၁၇ နှစ်)က အနာဂတ်တွင် ၎င်းကစားလိုသည့်အသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းအား ရွေးချယ်ထားကြောင်း ကစားသမားနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ခု၏ ပြောကြားမှုကို စပိန်အားကစားသတင်းစာ AS က ကိုးကားဖော်ပြခဲ့သည်။ 

ကာမာဗင်ဂါသည် ယခုရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် တစ်ပွဲပျမ်းမျှဟန့်တားမှု (၄.၂)ကြိမ်အထိ ပြုလုပ်ထားပြီး လက်စတာကွင်းလယ်လူ ရီကာဒိုပယ်ရဲရာ (၄.၃ ကြိမ်) နောက် ဒုတိယအများဆုံးအဖြစ်ရပ်တည်နေသူဖြစ်သည်။ 

ကာမာဗင်ဂါအားခေါ်ယူရန်အတွက် ရီးယဲလ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသော်လည်း ကစားသမားကိုယ်တိုင်က ရီးယဲလ်အသင်းနှင့် နည်းပြ ဇီဒန်းကို ချစ်ခင်မြတ်နိုးသူဖြစ်ကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။

ကာမာဗင်ဂါသည် ကက်စမဲရိုးနှင့် ကွန်တေတို့ ပေါင်းစပ်ထားသည့်ကစားသမားဟု ညွှန်းဆိုခံထားရသူဖြစ်ပြီး ရီးယဲလ်နည်းပြ ဇီဒန်းက ပေါ့ဘာကို မခေါ်ယူနိုင်ခဲ့ပါက ၎င်းအားခေါ်ယူရန် ချိန်ရွယ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent