မိုချန်ဂလာဘတ် - အူန်ယွန်းဘာလင် (တနင်္ဂနွေည ၈းဝ၀ နာရီ)
မိုချန်ဂလာဘတ်က ထိပ်ဆုံး(၄)သင်းစာရင်းထဲ ပြန်လည် ဝင်ရောက်လာပေမယ့် လက်ရှိအသင်းခြေစွမ်းက ယုံကြည်လို့ မရတဲ့အခြေအနေပါ။ အိမ်ကွင်းနောက်ဆုံး(၄)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့တာက မိုချန်လို အိမ်ကွင်းမာတဲ့အသင်းတစ်သင်းအ ဖို့ အံ့အားသင့်စရာတော့ ကောင်းလွန်းနေတယ်။ တိုက်စစ်ပိုင်း လည်း လူစုံနေပြီး အင်အားတောင့်ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာသေးဘူး။ အူန်ယွန်းဘာလင်ကလည်း အဝေးကွင်းဆို ပိုခြေကျသွားတတ်လို့ မိုချန် နိုင်ပွဲပြန်ရဖို့ နီးစပ်နေတယ်။ မိုချန် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။
ပါဒါဘွန်း - ဒေါ့မွန် (တနင်္ဂနွေည ၁ဝး၃၀ နာရီ)
ဒေါ့မွန်က ဘိုင်ယန်နဲ့ပွဲမှာ ခြေစွမ်းပိုင်း ယှဉ်နိုင်ခဲ့ပေမယ့်သမ္ဘာက အတော်လေးစကားပြောခဲ့တယ်။ ဟော်လန်း၊ ဂယ် ဟေရို၊ ဟာကီမီတို့ရဲ့အကြောက်အရွံ့မဲ့ကစားဟန်တွေ ပျောက်ဆုံးခဲ့ရတယ်။ ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့မှုက ဒေါ့မွန်အဖို့ အ သင်းစိတ်ဓာတ်ပိုင်းထိခိုက်သွားနိုင်လောက်တဲ့အထိ အခြေ အနေမျိုးတော့ ရောက်မယ်မထင်ဘူး။ နောက်ကလိုက်နေတဲ့ အသင်းတွေနဲ့လည်း အမှတ်ကွာဟချက်က (၄)မှတ်အတွင်း သာရှိလို့ ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အတိမ်းအ စောင်းခံလို့ မဖြစ်သေးဘူး။ အမ်မရီချန်၊ ဗစ်ဆဲလ်တို့ ဒဏ်ရာ သက်သာပြီး ပြန်ကစားနေလို့ လူပြန်စုံလာချိန်မှာ ဟော်လန်း ဒဏ်ရာရသွားတာက အဓိကပြဿနာဖြစ်လာနိုင်တယ်။ ပါဒါ ဘွန်းကတော့ မျှော်လင့်ချက်နည်းပေမယ့် ကောက်ရိုးတစ်မျှင် အတွက် ကြိုးစားကစားနေတာကို ထည့်တွက်ရမယ်။ ပထမ အကျော့တုန်းကလည်း ဒေါ့မွန်တို့ ပထမပိုင်း (၃)ဂိုးပြတ်အရှုံး ကနေ သရေတစ်မှတ်ရဖို့ မနည်းလုပ်ယူခဲ့ရတယ်။ ပါဒါဘွန်း အိမ်ကွင်းမှာ ဂိုးပြတ်တော့မရှုံးလောက်ဘူး။










