လာလီဂါပွဲစဉ်များကို သူနာပြုနှင့် အငြိမ်းစားများအား အခမဲ့ပြသရန် သဘောတူညီမှုရ

လာလီဂါပွဲစဉ်များကို သူနာပြုနှင့် အငြိမ်းစားများအား အခမဲ့ပြသရန် သဘောတူညီမှုရ
Photos: La liga and Getty Images
Photos: La liga and Getty Images
Published 30 May 2020

တစ်ကျော့ပြန်ကျင်းပမည့် လာလီဂါ ပွဲစဉ်များကို သူနာပြုနှင့် အငြိမ်းစားများအား အခမဲ့ပြသရန် သဘောတူညီမှုရထားကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲသည် ကိုရိုနာဗိုင်းရပ်စ် ကာလတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သည့် သူနာပြုများအပါအဝင် အငြိမ်းစားယူထား များအား အခမဲ့ပြသရန် MediaPro ရုပ်သံနှင့် ဆွေးနွေးရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ် သည်။  MediaPro နှင့် သဘောတူညီမှုရရှိ ကြောင်း မေ (၂၈) ရက်တွင် အတည်ပြုထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်တွင်လည်း Sky TV ကြည့်ရှုသူများကို ဇွန်လအတွက် လာလီဂါ ပွဲစဉ်များ အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

လာလီဂါပြိုင်ပွဲကို ဇွန် (၁၁) ရက် တွင် ဆီဗီလာ-ဘက်တစ် ဆီဗီးလ်ဒါဘီပွဲဖြင့် ပြန်လည်စတင်ရန် စီစဉ်ထားပြီး ဇူလိုင် (၁၉) ရက်တွင် အပြီးကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ 

လာလီဂါအနေဖြင့် ပွဲစဉ်များကို နေ့စဉ် ကျင်းပမည်ဖြစ်ပြီး နွေရာသီကာလဖြစ်သော ကြောင့် အပူချိန်သက်သာစေရန် ကြားရက် များတွင် ဒေသစံတော်ချိန် ည (၇) နာရီခွဲ၊ (၉) နာရီခွဲနှင့် (၁၀) နာရီ၊ စနေ၊ တနင်္ဂနွေနေ့တွင်မူ ယင်းအချိန်များအပြင် ညနေ (၅) နာရီခွဲတွင်ပါ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပရိသတ်မပါဘဲ ကွင်းပိတ်  ကစားရမည်ဖြစ်၍ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က တနင်္လာ၊ သောကြာအပါအဝင် မည်သည့်နေ့တွင်မဆိုကျင်းပရန် ခွင့်ပြုပေး ခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲကို နေ့စဉ်ကျင်းပ ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

လာလီဂါပြိုင်ပွဲ မှာ ပွဲစဉ် (၂၇) အထိ ကျင်းပထားပြီး ပွဲစဉ် (၁၁) ခု ကျန်ရှိချိန်တွင် ဘာစီလိုနာအသင်းက (၅၈) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

Most Read

Most Recent