ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်အား သြဂုတ် (၇)ရက်နေ့တွင် ကစားမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ အောလက်စ်အတည်ပြု

ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်အား သြဂုတ် (၇)ရက်နေ့တွင် ကစားမည်ဟု လိုင်ယွန်ဥက္ကဋ္ဌ အောလက်စ်အတည်ပြု
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 10 May 2020

ပြင်သစ်ကလပ် လိုင်ယွန်အသင်းဥက္ကဋ္ဌဖြစ်သူ အောလက်စ်က ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အား လာမည့်သြဂုတ် (၇)ရက်နေ့တွင် တူရင်မြေ၌ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) အန္တရာယ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသော ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် လက်ကျန်ပွဲစဉ်များကို  သြဂုတ်လအစပိုင်းတွင် ပြန်လည်ကစားမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကဆုံးဖြတ်ခဲ့ပြီးနောက် အောလက်စ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပွဲစဉ် ပြန်လည်စတင်မည့်အခြေအနေနှင့်ပတ်သက်ပြီး အောလက်စ်က ''ဂျူဗင်တပ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို လာမယ့်သြဂုတ် (၇)ရက် (သောကြာနေ့)မှာ တူရင်မြေမှာကစားသွားဖို့ အတည်ပြုပါတယ်။ ပရိသတ်မပါဘဲ ကွင်းပိတ်အခြေအနေနဲ့ပေါ့'' ဟု RTL သတင်းဌာနသို့ပြောကြားခဲ့သည်။

လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် ဂျူဗင်တပ်စ်အသင်းအား အိမ်ကွင်း၌ (၁-၀)ဂိုးဖြင့်အနိုင်ရထားပြီး ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာ ကွာတားဖိုင်နယ်တက်ရောက်ရေးအတွက် အရေးပါလျက်ရှိနေသည်။

UEFA အနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်၏ လက်ကျန် (၄)ပွဲဖြစ်သည့် ဘိုင်ယန်မြူးနစ် - ချယ်လ်ဆီး၊ မန်စီးတီး - ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ် - လိုင်ယွန်၊ ဘာစီလိုနာ - နာပိုလီပွဲစဉ်များအား တစ်နေ့တည်းယှဉ်ပြိုင်သွားရန်မူကြမ်းရေးဆွဲထားပြီး ကွာတားဖိုင်နယ်ပွဲစဉ်များကို တစ်ပတ်အကြာတွင် ဆက်လက်ကျင်းပသွားရန် စီစဉ်ထား

ကြောင်းသိရသည်။

Most Read

Most Recent