ပွဲကစားရန် စိုးရိမ်နေသူများကို အတင်းအကျပ် ကစားခိုင်းမည် မဟုတ်ဟု ဆိုးလ်ရှား ပြောကြား

ပွဲကစားရန် စိုးရိမ်နေသူများကို အတင်းအကျပ် ကစားခိုင်းမည် မဟုတ်ဟု ဆိုးလ်ရှား ပြောကြား
Photos: Getty Images
Photos: Getty Images
Published 9 May 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပွဲကစားရန် စိုးရိမ်နေသည့် ကစားသမားများကို အတင်းအကျပ် ကစားခိုင်းမည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။

မန်ယူအသင်းသည် ယခုလအတွင်း လေ့ကျင့်မှုအစီအစဉ် စတင်နိုင်ရန်နှင့် ဇွန်လ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ပါက အဆင်သင့်ဖြစ်နေစေရန် ပြည်ပရောက်ကစားသမား များကို ပြန်

လည်ခေါ်ယူထားသည်။ 

သို့သော် မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးအပါအဝင် ကစားသမားအချို့က ပြန်လည်ကစားရန် စိုးရိမ်ကြောင်း ပြောကြားနေခြင်းနှင့်ပတ်သက်၍ ဆိုးလ်ရှားက ''ကျွန်တော်တို့အနေနဲ့ သူတို့ဆန္ဒကို ဆန့်ကျင်လို့မရပါဘူး။ ကစား သမားတစ်ယောက်က ပွဲကစားဖို့ စိတ်ပိုင်းဆိုင်ရာ အသင့်မဖြစ်ဘူးဆိုရင် ဘယ်သူ့ကိုမှ အတင်းအကျပ်စေခိုင်းလို့ရမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ အရမ်းကြီး စိုးရိမ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးတာဝန် ရှိသူတွေ၊ ကျွမ်းကျင်သူတွေကို ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု မှတ်ချက်ပြုပြောကြားသည်။

ထို့ပြင် လက်ကျန်ပွဲများကို ကြားကွင်း၌ ကစားရန် အဆိုပြုဆွေးနွေးနေခြင်းအတွက် ၎င်းက ''ဘောလုံးဆိုတာ ပရိသတ်တွေနဲ့အတူ အမြဲရှိနေပြီး ကျွန်တော်တို့ကလည်း ဒီလိုပတ် ဝန်းကျင်မှာပဲ ကစားခဲ့တာပါ။ ဒါပေမဲ့ ဒီအချိန်က အရင်အခြေအနေနဲ့ မတူတော့ပါဘူး။ သူတို့ ဘာပဲဆုံးဖြတ်ပါစေ။ ဒါက အားလုံး ဘောလုံးပြန်ကစားခွင့်ရစေဖို့ တွန်းအားဖြစ်မှာပါ။ ကျွန်တော်ကတော့ မကြာခင်မှာ ဘေးကင်းစိတ်ချရတဲ့ အဖြေတစ်ခု ရှာတွေ့နိုင်ဖို့ပဲ  မျှော်လင့်ပါတယ်'' ဟု ဆက်လက်ပြောကြားသည်။

Most Read

Most Recent