နယူးကာဆယ်အသင်း ပထမဆုံးခေါ်ယူမည့်ကစားသမားမှာ ကော်တင်ဟို ဖြစ်လာဖွယ်ရှိ

နယူးကာဆယ်အသင်း ပထမဆုံးခေါ်ယူမည့်ကစားသမားမှာ ကော်တင်ဟို ဖြစ်လာဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 7 May 2020

ဆော်ဒီမင်းသား ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန်၏ စီးပွားရေးအဖွဲ့ ပိုင်ဆိုင်ရန် နီးစပ်နေပြီဖြစ်သော နယူးကာဆယ်အသင်းသည် လာမည့်ရာသီအတွက် အားဖြည့်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်ရာ ၎င်းတို့ ပထမဆုံးခေါ်ယူမည့်ကစားသမားမှာ ကော်တင်ဟို ဖြစ်လာဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

ဆော်ဒီသူဌေးများသည် နယူးကာဆယ်အသင်းကို ထိပ်တန်းအသင်းဖြစ်အောင် တည်ဆောက်သွားမည်ဖြစ်ရာ စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားသလို၊ ကော်တင်ဟိုကိုလည်း ခေါ်ယူရန် ရည်ရွယ်နေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို လီဗာပူးလ်အသင်းထံမှ ပေါင်သန်း(၁၄၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း အပြီးသတ်ခေါ်ယူရန် ဆန္ဒမရှိသည့်အတွက် ရာသီကုန်တွင် အသင်းသို့ ပြန်ရောက်လာတော့မည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို အသင်းတွင် ဆက်ထားလိုခြင်းမရှိသောကြောင့် ဝယ်ယူခဲ့စဉ်ကတန်ဖိုးထက် ပေါင်သန်း(၅၀)ဝန်းကျင် အရှုံးခံရောင်းထုတ်သွားရန် စီစဉ်နေသည်ဟု စပိန်မီဒီယာများကလည်း  ဖော်ပြနေကြသည်။

ယင်းအခြေအနေတွင် နယူးကာဆယ်အသင်းက ကော်တင်ဟိုကို ပေါင်သန်း(၇၀)ဖြင့် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သတင်းများထွက်လာခဲ့သည်။

ကော်တင်ဟိုသည် ၂၀၁၁-၁၂ ရာသီက ပိုချက်တီနိုနည်းပြအဖြစ် ဆောင်ရွက်နေသည့် အက်စ်ပန်ညိုအသင်းတွင် အငှားသွားရောက်ကစားခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent