Chinese 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် နှစ်ပွဲဆက် အနိုင်ရ

Chinese 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် (ခ) မောင်မောင် နှစ်ပွဲဆက် အနိုင်ရ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 29 April 2020

 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် Chinese 8 Ball ပြိုင်ပွဲ ဒုတိယပွဲအဖြစ် တရုတ်ကစားသမား လီဘိုနှင့် ဧပြီ (၂၉)ရက် (ယနေ့) ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ရာ ၂၁-၁၇ ပွဲဖြင့်အနိုင်ရကာ နှစ်ပွဲဆက်အနိုင်ရခဲ့ကြောင်း သိရသည်။

ဘုန်းမြင့်ကျော်သည် နှစ်ပွဲဆက် အနိုင်ရခဲ့သော်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ပြိုင်ပွဲအစတွင် ပွဲငယ်အသာဖြင့် တောက်လျှောက်ဦးဆောင်နိုင်ခဲ့သော်လည်း ၉-၉ ပွဲစီတူညီသွားပြီးနောက် နောက်မှလိုက်ကစားခဲ့ရသည်။

ဘုန်းမြင့်ကျော်သည် ၁၆-၁၆ ပွဲမှ အမီလိုက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် တောက်လျှောက်ဦးဆောင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် နှစ်ပွဲဆက် အနိုင်ရခဲ့သောကြောင့် ရမှတ် ၁၂၀၀၀ ရရှိနေပြီး ယင်းပြိုင်ပွဲစည်းမျဉ်းအရ တစ်ပွဲနိုင်လျှင် ရမှတ် ၆၀၀၀ နှင့် ရှုံးနိမ့်သူမှာ ရမှတ် ၂၀၀၀ ရရှိမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ဧပြီ (၂၈)ရက်က ယှဉ်ပြိုင်ကစားသည့် ပထမပွဲတွင် တရုတ်ကစားသမား ယူဟိုင်ထောင်ကို ၂၁-၁၇ ပွဲဖြင့် အနိုင်ရထားသည်။

ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် မေ (၃)ရက်တွင် တတိယပွဲစဉ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လီဟိုင်ထောင်နှင့် တွေ့ဆုံနေသည်။

 

Most Read

Most Recent