စီးရီးအေအသင်းများ မေ(၁၈)တွင် လေ့ကျင့်မှု ပြန်လုပ်နိုင်မည်

စီးရီးအေအသင်းများ မေ(၁၈)တွင် လေ့ကျင့်မှု ပြန်လုပ်နိုင်မည်
Photo: Getty Images
Photo: Getty Images
Published 27 April 2020

ရပ်နားထားရသည့် စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်နိုင်မည့်နေ့ရက်အား အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မေ(၁၈)တွင် လေ့ကျင့်မှု ပြန်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၉-၂၀ ရာသီ စီးရီးအေပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မတ်လ(၉)ရက်နေ့ကတည်းက ရပ်နားခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ပြိုင်ဘက်လိဂ်များ ပြန်လည်စတင်ရန် ပြင်ဆင်နေပြီဖြစ်သလို၊ စီးရီးအေပြိုင်ပွဲကိုလည်း ပြန်လည်စတင်နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိပြီး အစိုးရတာဝန်ရှိသူများကမူ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်။

အီတလီဝန်ကြီးချုပ် ကွန်တီက စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်ရန်အတွက် ဆုံးဖြတ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့သော်လည်း လေ့ကျင့်မှုုပြုလုပ်ရန်အတွက်မူ ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

ကွန်တီက အီတလီနိုင်ငံမှ ပရော်ဖက်ရှင်နယ်အားကစားအသင်းများအနေဖြင့် မေ(၁၈)ရက်မှစ၍ အသင်းလိုက်လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခွင့်ပြုမည်ဖြစ်ပြီး တစ်ဦးချင်းလေ့ကျင့်မှုများကိုမူ မေ(၄)တွင် စတင်ပြုလုပ်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် အီတလီမီဒီယာများက စီးရီးအေပြိုင်ပွဲကို မေ(၂၇)မှ ဇွန်(၂)ရက်အတွင်း ပြန်လည်စတင်နိုင်ဖွယ်ရှိနေပြီး ဇူလိုင်လအတွင်း အဆုံးသတ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။

၂၀၁၉-၂၀ စီးရီးအေပြိုင်ပွဲမှာ ပွဲပေါင်း(၁၂၄)ပွဲ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေကြောင်း သိရှိရသည်။

 

Most Read

Most Recent