လက်မောင်းနှင့်အပေါ်ပိုင်းကြွက်သားများအတွက် အဒါမာထရာအိုရေး အထူးတလည်ကစားထားခြင်းမရှိဟု ဝုလ်ဗ်အသင်းခေါင်းဆောင် ဆို

လက်မောင်းနှင့်အပေါ်ပိုင်းကြွက်သားများအတွက် အဒါမာထရာအိုရေး အထူးတလည်ကစားထားခြင်းမရှိဟု ဝုလ်ဗ်အသင်းခေါင်းဆောင် ဆို
Published 16 April 2020

အဒါမာထရာအိုရေးသည် ၎င်း၏ ထွားကြိုင်းသန်မာလှသော လက်မောင်းနှင့်အပေါ်ပိုင်းကြွက်သားများအတွက် အံ့သြချီးကျူးမှုခံရသူတစ်ဦးဖြစ်ပြီး ၎င်း လက်မောင်းအလှညှစ်ပြခဲ့သည့် ဓာတ်ပုံတစ်ပုံမှာ လူမှုကွန်ရက်ထက်တွင် အထူးကျော်ကြားခဲ့သည်။

ဝုလ်ဗ်အသင်းခေါင်းဆောင် ကော်နာကိုအာဒီသည် အသင်း၏ အားထားရသော တောင်ပံကစားသမား အဒါမာထရာအိုရေးအနေဖြင့် လက်မောင်းနှင့်အပေါ်ပိုင်းကြွက်သားများ ထွားကြိုင်းရန် အထူးတလည်ကစားထားခြင်းမရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

အဒါမာထရာအိုရေးသည် ၎င်း၏ ထွားကြိုင်းသန်မာလှသော လက်မောင်းနှင့်အပေါ်ပိုင်းကြွက်သားများအတွက် အံ့သြချီးကျူးမှုခံရသူတစ်ဦးဖြစ်ပြီး ၎င်း လက်မောင်းအလှညှစ်ပြခဲ့သည့် ဓာတ်ပုံတစ်ပုံမှာ လူမှုကွန်ရက်ထက်တွင် အထူးကျော်ကြားခဲ့သည်။

ထို့ပြင် ၎င်းသည် လျင်မြန်လွန်းသည့် အမြန်နှုန်းကြောင့် ပရီးမီးယားလိဂ်၏ ကြောက်မက်ဖွယ်အကောင်းဆုံး တောင်ပံကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ယခုရာသီတွင် ပြိုင်ဘက်၏ အဝါကတ်အထိခံ၍ ဖျက်ထုတ်မှု အများဆုံးခံထားရသူဖြစ်သည်။

ကိုအာဒီက "သူက အမေရိကန်ဘောလုံးမှာ ကစားလို့ ရပါတယ်။ သူ ငယ်စဉ်တုန်းက ကမ်းလှမ်းခံရတယ်လို့ ကြားဖူးတယ်။ သူ့အနေနဲ့ လက်မောင်း၊ ဒါမှမဟုတ် အပေါ်ပိုင်းကြွက်သားတွေအတွက် အထူးလေ့ကျင့်ခန်းတွေ မလုပ်ထားပါဘူး။ သူက ခြေထောက်ကိုပဲ အာရုံစိုက်လေ့ကျင့်လေ့ရှိတယ်။ ပိုပြီးသန်မာအောင်၊ ပေါက်ကွဲအားကောင်းအောင်လို့ပါ။ မြန်လွန်းတဲ့ ရှားပါးကစားသမားတစ်ဦးပါ"ဟု Sky Sports သို့ ဖွင့်ဟခဲ့သည်။

ထို့ပြင် ကိုအာဒီက ယခုရာသီတွင် ဝုလ်ဗ်အသင်း ခြေစွမ်းပြနေခြင်းမှာ အဒါမာထရာအိုရေး၏ ခြေစွမ်းနှင့် များစွာ သက်ဆိုင်နေသည်ဟု ချီးကျူးခဲ့သည်။

ကိုအာဒီက "သူ သူကိုယ်သူ ဂုဏ်ယူလို့ရပါတယ်။ အသင်းအတွက် သူက မယုံနိုင်စရာ ကစားသမားပါ။ သူ့ရဲ့ ထုတ်လုပ်နိုင်စွမ်းကို အားလုံး မြင်ကြမှာပါ။ ခံစစ်ကစားတာလည်း ကောင်းသလို၊ နည်းပြစကားလည်း နားထောင်သူပါ။ ဒါတွေအားလုံးအတွက် သူ့ရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုရမှာပါ။ သူက အရမ်းအလုပ်ကြိုးစားပြီး အသင်းမှာ သူ ရှိနေတာ အရမ်းကောင်းပါတယ်"ဟု ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent