ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများကို ရပ်နားထားရရာ ကလပ်အသင်းများအနေဖြင့် ပွဲနေ့ဝင်ငွေများမရရှိခြင်းအပါအဝင် စီးပွားရေးထိခိုက်မှုများနှင့် ကြုံတွေ့နေရပြီး ကစားသမားတန်ဖိုးများမှာလည်း (၆)ပတ်အတွင်း ပေါင်(၁.၆)ဘီလီယံကျော် ကျဆင်းသွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ပရီးမီးယားလိဂ်အသင်းများသည် ကစားသမားတန်ဖိုးတွက်ချက်မှု၌ ပေါင်(၁.၈)ဘီလီယံကျော် ကျဆင်းသွားခဲ့ကြောင်း Transfermarkt.com ၏ အချက်အလက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲများကို ရပ်နားထားရရာ ကလပ်အသင်းများအနေဖြင့် ပွဲနေ့ဝင်ငွေများမရရှိခြင်းအပါအဝင် စီးပွားရေးထိခိုက်မှုများနှင့် ကြုံတွေ့နေရပြီး ကစားသမားတန်ဖိုးများမှာလည်း (၆)ပတ်အတွင်း ပေါင်(၁.၆)ဘီလီယံကျော် ကျဆင်းသွားခဲ့သည်။
ယင်းပမာဏမှာ မူလတန်ဖိုး၏ (၂၀)ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်းဖြစ်သည်။

အပြောင်းအရွှေ့စျေးကွက်ဝက်ဘ်ဆိုက် Transfermarkt ၏ တည်ထောင်သူ မာသီးယပ်စ်ဆီဒယ်လ်က စတော့ခ်စျေးကွက်တန်ဖိုးတွေက ပျက်ယွင်းကုန်တယ်။ ကလပ်အသင်းများစွာဟာ ဖြေရှင်းမရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်။ အရာရာမှာ မသေချာဖြစ်နေတာကြောင့် အပြောင်းအရွှေ့အစီအစဉ်တွေကလည်း ရပ်ထားရမယ့် အနေအထားပါ။ ဒီတိုင်းဆိုရင် စျေးကွက်တန်ဖိုးတွေက အရင်လို မြင့်မားဖို့ မရှိပါဘူး ဟု သုံးသပ်ခဲ့သည်။
စျေးကွက်တန်ဖိုးများကို ဧပြီ(၁)ရက်မှ (၁၅)ရက်အထိ တွက်ချက်ကြည့်ရာ ပရီးမီးယားလိဂ်အသင်းများထဲ၌ ဆုံးရှုံးမှုအကြီးမားဆုံးမှာ မန်စီးတီးအသင်းဖြစ်နေပြီး ဆုံးရှုံးမှုရာခိုင်နှုန်း(၂၀)နီးပါး ရှိကြောင်း သိရသည်။

မူလက ကစားသမားတန်ဖိုး (၁.၀၈)ဘီလီယံရှိခဲ့သော လီဗာပူးလ်အသင်းသည်လည်း ပေါင်(၈၇၀)သန်းအထိ ကျဆင်းသွားပြီး စပါးအသင်းက ပေါင်(၇၇၇)သန်းမှ (၆၂၉)သန်း၊ ချယ်လ်ဆီးအသင်းက ပေါင်(၇၄၆)သန်းမှ(၆၁၂)သန်း၊ မန်ယူအသင်းက ပေါင်(၇၁၉)သန်းမှ (၅၈၂)သန်း၊ အာဆင်နယ်အသင်းက ပေါင်(၆၃၆)သန်းမှ (၅၂၁)သန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

ကစားသမားတစ်ဦးချင်းအလိုက်ကျဆင်းမှုတွင် စတာလင်၊ ဟာရီကိန်း၊ ဒီဘရိုင်းနားတို့က ဦးဆောင်နေပြီး ကျဆင်းမှုအများဆုံးထိပ်ဆုံး(၁၀)ဦးစာရင်းအား အထက်ပါဇယားအတိုင်း တွေ့ရသည်။










