အခက်အခဲများကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ်၌ ဇီယာ့ရှ် အောင်မြင်လိမ့်မည်ဟု ဆရာဟောင်းများ သုံးသပ်

အခက်အခဲများကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ်၌ ဇီယာ့ရှ် အောင်မြင်လိမ့်မည်ဟု ဆရာဟောင်းများ သုံးသပ်
Published 16 April 2020

ဇီယာ့ရှ်သည် ပိန်လှီသေးသွယ်သည့် တည်ဆောက်ပုံကို ပိုင်ဆိုင်ထား၍ ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်တွင် အံဝင်ရန် ရုန်းကန်ရနိုင်သည်ဟု သုံးသပ်ခံနေရပြီး ပွင့်လင်းစွာ ပြောဆိုဝေဖန်တတ်သည့် စရိုက်ကြောင့် အင်္ဂလိပ်မီဒီယာများ၏ ပစ်မှတ်ဖြစ်လာဖွယ်ရှိနေသည်။

 

လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းသိ့ု ရောက်ရှိလာမည့် ဇီယာ့ရှ်သည် ပရီးမီးယားလိဂ်၌ အခက်အခဲများကို ကျော်ဖြတ်၍ အောင်မြင်မှုရရှိလိမ့်မည်ဟု ဆရာဟောင်းများဖြစ်ကြသည့် နည်းပြ ပါလ်ပတ်ဇ် နှင့် ကင်းထောက် ဟန်းဒီယွန်းတို့က ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဇီယာ့ရှ်အား ပြောင်းရွှေ့ကြေးယူရိုသန်း(၄၀)ဖြင့် ခေါ်ယူခဲ့ပြီး ၎င်းသည် လာမည့်ရာသီတွင် အသင်းထံ ရောက်ရှိလာမည်ဖြစ်သည်။

ဇီယာ့ရှ်သည် ပိန်လှီသေးသွယ်သည့် တည်ဆောက်ပုံကို ပိုင်ဆိုင်ထား၍ ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်တွင် အံဝင်ရန် ရုန်းကန်ရနိုင်သည်ဟု သုံးသပ်ခံနေရပြီး ပွင့်လင်းစွာ ပြောဆိုဝေဖန်တတ်သည့် စရိုက်ကြောင့် အင်္ဂလိပ်မီဒီယာများ၏ ပစ်မှတ်ဖြစ်လာဖွယ်ရှိနေသည်။

သို့ဖြစ်ရာ နယ်သာလန်လိဂ်တွင် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရောက်မှ ခြေစွမ်းကျဆင်းသွားခဲ့သည့် မန်းဖစ်ဒီပိုင်း၊ ဗင်းဆင့်ယန်ဆန်၊ ဂျာဟန်းဘက်ရှ်တို့ကဲ့သို့ ဖြစ်သွားနိုင်သည်ဟူသည့် ထင်ကြေးများလည်း ထွက်ပေါ်နေသည်။

တွမ်တီးအသင်းတွင် ဇီယာ့ရှ်နှင့် လက်တွဲခဲ့ဖူးသည့် နည်းပြ ပါလ်ပတ်ဇ်က "နယ်သာလန်လိဂ်မှာ သူ နှစ်ပေါင်းများစွာ ကစားခဲ့လို့ ဟော်လန်အကြောင်း သူ ကောင်းကောင်းသိပါတယ်။ ပရီးမီးယားလိဂ်ကတော့ နောက်ထပ် လှေကားထစ်တစ်ခုဖြစ်ပြီး သူ့ကို ပိုကောင်းအောင် လုပ်ပေးလိမ့်မယ်။ ကစားသမားကောင်းတွေနဲ့ အမြဲရှိနေရမှာက စိန်ခေါ်မှုတစ်ခုပါ။ အဲဒီမှာလည်း သူ ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ပွဲအရေအတွက်နဲ့ ကြ့ံခိုင်မှုအသားပေးခြင်းကို အသားကျအောင် သူ ကြိုးစားရလိမ့်မယ်။ အဆုံးမှာတော့ သူ အောင်မြင်မှာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။

ဟန်းဒီယွန်းကလည်း "ကြံ့ခိုင်မှုပိုင်းမှာ သူက နည်းနည်းပြဿနာရှိနိုင်တယ်။ လူတွေ ဝေဖန်နေကြတာလည်း ဒါပဲ။ ဒါပေမဲ့ ဟီရန်ဗင်းက သူ့ကို ခေါ်ခဲ့တုန်းကလည်း အခုလိုဝေဖန်သံတွေ ကြားခဲ့ဖူးတယ်။ အေဂျက်စ်မှာလည်း ဒီအတိုင်းပဲ။ အဲဒါ ပြဿနာလို့ ကျွန်တော်တော့ မထင်ပါဘူး။ အင်္ဂလန်မြေက စိန်ခေါ်မှုကိုလည်း သူ ကျော်ဖြတ်ပြမှာပါ။ သံသယမရှိပါဘူး"ဟု Sky Sports တွင် သုံးသပ်ခဲ့သည်။

ဇီယာ့ရှ်သည် ပြီးခဲ့သည့်ရာသီက အေဂျက်စ်အတွက် သွင်းဂိုး(၂၁)ဂိုးအထိ ရယူပေးနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း အသင်းအတွက် (၈)ဂိုးသွင်းကာ (၂၁)ဂိုး ဖန်တီးပေးထားသည်။

 

Most Read

Most Recent