လမ်းပတ်သည် ၂၀၁၉-၂၀ ရာသီအစမှ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၎င်း၏ လက်ထက်တွင် လူငယ်ကစားသမားများကို နေရာပေးခြင်း၊ ကစားပုံဆွဲဆောင်မှုရှိခြင်းတို့ကြောင့် ပရိသတ်များနှင့် ဘောလုံးသုံးသပ်သူများ၏ ထောက်ခံချီးကျူးမှုကို ရရှိခဲ့သည်။
ချယ်လ်ဆီးကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ ဂလင်းဟော်ဒယ်လ်က ချယ်လ်ဆီးအသင်းသည် နည်းပြ လမ်းပတ်၏ ဦးဆောင်မှုအောက်တွင် မှန်ကန်သည့်လူခေါ်ယူမှုများဖြင့် ချန်ပီယံအသင်းပြန်ဖြစ်လာလိမ့်မည်ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

လမ်းပတ်သည် ၂၀၁၉-၂၀ ရာသီအစမှ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၎င်း၏ လက်ထက်တွင် လူငယ်ကစားသမားများကို နေရာပေးခြင်း၊ ကစားပုံဆွဲဆောင်မှုရှိခြင်းတို့ကြောင့် ပရိသတ်များနှင့် ဘောလုံးသုံးသပ်သူများ၏ ထောက်ခံချီးကျူးမှုကို ရရှိခဲ့သည်။

ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်ကွင်းလယ်လူ ဇီယာ့ရှ်အား ခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့ပြီး လာမည့်အပြောင်းအရွှေ့ကာလတွင်လည်း ကစားသမားကောင်းများကို ပစ်မှတ်ထားနေသည်။
လမ်းပတ်သည် ချယ်လ်ဆီးပရိသတ်တစ်ဦးဖြစ်သော ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချို၊ လိုင်လီနောက်ခံလူ ဂါဘရီယဲလ်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

ဂလင်းဟော်ဒယ်လ်က လမ်းပတ်သာ သူ လိုချင်တဲ့ ကစားသမားတွေကို ရခဲ့ရင် သူ့မှာ အခွင့်အရေးကောင်းတွေ ရှိပါတယ်။ အချိန်တိုအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းကောင်းတစ်သင်းကို လမ်းပတ် တည်ဆောက်နိုင်ပါတယ်။ အသင်းအနေနဲ့ လမ်းပတ်ကို လီဗာပူးလ်အသင်းက ယာဂန်ကလော့ပ်ကို အခွင့်အရေးပေးခဲ့သလို ပံ့ပိုးသင့်ပါတယ်။ ချယ်လ်ဆီးပရိသတ်အနေနဲ့ ပြောရမယ်ဆိုရင် ဒီအသင်းက မှန်ကန်တဲ့နည်းပြအောက်မှာ ရှိနေတယ်၊ လက်ရှိအခြေအနေတွေက ကောင်းမွန်ပြီး အနာဂတ်ကလည်း တောက်ပနေပါတယ် ဟု သုံးသပ်ပြောကြားခဲ့သည်။
လမ်းပတ်၏ ချယ်လ်ဆီးအသင်းသည် COVID-19 ကြောင့် လိဂ်ပွဲများမရပ်ဆိုင်းမီ ပွဲစဉ်(၂၉)အပြီးတွင် အဆင့်(၄)နေရာတွင် ရပ်တည်နေသည်။










