၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲတွင် ဖီဂျီလက်ရွေးစင်အသင်းနှင့်အတူ ရွှေတံဆိပ်ဆု ရရှိခဲ့သော ရပ်ဘီကစားသမား ကူနာတာနီသည် Quarantine စည်းမျဉ်းကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။
ကူနာတာနီ(၂၉ နှစ်)သည် အင်္ဂလန်ရပ်ဘီပြိုင်ပွဲတွင် ပါဝင်ကစားနေသူဖြစ်ပြီး ပြိုင်ပွဲရပ်နားလိုက်သည့်အတွက် အသင်းဖော်တစ်ဦးနှင့်အတူ ဖီဂျီနိုင်ငံသို့ မတ်လ(၁၉)ရက်က ပြန်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် မတ်လ(၂၀)ရက်နေ့တွင် သားဖြစ်သူ၏မွေးနေ့ပွဲကို မိသားစုနှင့်အတူ ကျင်းပခဲ့သည်။
ကူနာတာနီနှင့် ၎င်း၏ အသင်းဖော်တို့သည် ဖီဂျီနိုင်ငံတွင် ပြည်ပမှ ပြန်လာသူများအား သီးသန့်နေထိုင်ခြင်းဖြင့် Quarantine ပြုလုပ်ရန် ညွှန်ကြားထားခြင်းကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုသတင်းကို ဖီဂျီရပ်ဘီအဖွဲ့ချုပ်ကလည်း အတည်ပြုခဲ့ပြီး အမှုဆောင်ချုပ် ဂျွန်အိုကွန်နာက လက်ခံနိုင်ဖွယ်မရှိသည့် အပြုအမူဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၏ အရေးယူမှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။










