ဆန်းချက်ဇ်၏ အေးဂျင့်ဖြစ်သူကို ဝက်စ်ဟမ်းအသင်း ဆက်သွယ်ဆွေးနွေးမှုပြုလုပ်

ဆန်းချက်ဇ်၏ အေးဂျင့်ဖြစ်သူကို ဝက်စ်ဟမ်းအသင်း ဆက်သွယ်ဆွေးနွေးမှုပြုလုပ်
Photo: EPA
Photo: EPA
Published 6 April 2020

ဝက်စ်ဟမ်းအသင်းသည် မန်ယူမှ အင်တာမီလန်အသင်းထံ အငှားချခံထားရသည့် ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်း၏အေးဂျင့်ဖြစ်သူနှင့် ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆန်းချက်ဇ်သည် အသက်(၃၁)နှစ်ရှိပြီဖြစ်ပြီး မြင့်မားသည့်လစာနှုန်းထားကြောင့် အင်တာမီလန်အသင်းက အပြီးသတ်ခေါ်ယူရန် ဆန္ဒမရှိသလို၊ မန်ယူအသင်းကလည်း ရောင်းထုတ်ပစ်ရန် စီစဉ်နေသည်ဟု သိရှိရသည်။

ထို့ကြောင့် ဝက်စ်ဟမ်းအသင်းက ဆန်းချက်ဇ်၏အေးဂျင့် ဖီလီစီဗစ်ချ်ကို ဆက်သွယ်စုံစမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဝက်စ်ဟမ်းအသင်းသည် ဆန်းချက်ဇ်အတွက် လစာငွေကို တစ်ပတ်ပေါင်(၂၅၀၀၀၀)ထက် ပိုပေးနိုင်ခြင်းမရှိသည့်အတွက် လစာနှုန်းထားညှိနှိုင်းရန် အေးဂျင့်နှင့် ဆွေးနွေးခြင်းဖြစ်ဖွယ်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဆန်းချက်ဇ်၏အေးဂျင့်အား ဝက်စ်ဟမ်းအသင်း၏ ချဉ်းကပ်မှုသတင်း ထွက်ပေါ်လာခြင်းကို ဝက်စ်ဟမ်းပရိသတ်များက လူမှုကွန်ရက်တွင် လှောင်ပြောင်ကန့်ကွက်ခဲ့ကြကြောင်းလည်း သိရှိရသည်။

 

 

Most Read

Most Recent