မက်ဂရီဂေါ်မှာ အများအာရုံစိုက်မှုလိုချင်သည့် ပြည့်တန်ဆာအိုတစ်ဦးကဲ့သို့ ဖြစ်နေသည်ဟု ခါဘစ် ဝေဖန်တိုက်ခိုက်

မက်ဂရီဂေါ်မှာ အများအာရုံစိုက်မှုလိုချင်သည့် ပြည့်တန်ဆာအိုတစ်ဦးကဲ့သို့ ဖြစ်နေသည်ဟု ခါဘစ် ဝေဖန်တိုက်ခိုက်
Published 6 April 2020

ခါဘစ်က "သူနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်လိုထင်မြင်မိသလဲဆိုတာ ခင်ဗျား သိသလား။ သူဟာ အများအာရုံစိုက်မှုလိုချင်တဲ့ ပြည့်တန်ဆာအိုကြီးတစ်ယောက် နဲ့ သွားတူနေတယ်။ သူ့ရဲ့အချိန်ဟာ ပြီးသွားပါပြီ"ဟု ပြောကြားခဲ့သည်။ 

 

UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်က ပြိုင်ဘက်ဖြစ်သူ နာမည်ကြီးအိုင်ယာလန် MMA အားကစားသမား မက်ဂရီဂေါ်မှာ အများအာရုံစိုက်မှုလိုချင်သည့် ပြည့်တန်ဆာအိုတစ်ဦးကဲ့သို့ဖြစ်နေသည်ဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။

ရုရှား MMA အားကစားသမား ခါဘစ်၏ အွန်လိုင်းအင်တာဗျူးတစ်ခုတွင် မက်ဂရီဂေါ်မှ မဖိတ်ခေါ်ဘဲဝင်ရောက်ရန် ကြိုးပမ်းခဲ့သဖြင့်  ၎င်းက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ခါဘစ်သည် ESPN သတင်းထောက်နှင့် Instagram ၌ အင်တာဗျူး ပြုလုပ်နေချိန်တွင် မက်ဂရီဂေါ်က ယင်းဗီဒီယိုတွင်ပါဝင်ရန် Request ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"သူနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်လိုထင်မြင်မိသလဲဆိုတာ ခင်ဗျား သိသလား။ သူဟာ အများအာရုံစိုက်မှုလိုချင်တဲ့ ပြည့်တန်ဆာအိုကြီးတစ်ယောက် နဲ့ သွားတူနေတယ်။ သူ့ရဲ့အချိန်ဟာ ပြီးသွားပါပြီ"ဟု ခါဘစ်က ပြောကြားခဲ့သည်။ 

ယခုလနှောင်းပိုင်းတွင် ကျင်းပရန်စီစဉ်ထားသော ခါဘစ်-တိုနီဖာဂူဆန်ပွဲ ရွှေ့ဆိုင်းဖွယ်ရှိနေမှုနှင့်ပတ်သက်ပြီး မက်ဂရီဂေါ်က ခါဘစ်မှာ သူ၏ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန်အတွက် ကြောက်ရွံ့နေသည်ဟု Twitter တွင် ရေးသားကာ ဝေဖန်တိုက်ခိုက်ခဲ့သည်။ 

ခါဘစ်-တိုနီဖာဂူဆန်ပွဲကို ဧပြီလ(၁၈)ရက်တွင် နယူးယောက်မြို့၌ ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ယင်းနေရာဝန်းကျင်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ဆိုးရွားနေသည့်အပြင် ခါဘစ်မှာလည်း ရုရှားနိုင်ငံ၏ခရီးသွားလာခွင့်ပိတ်ပင်မှု ဥပဒေကြောင့် အဆိုပါပွဲမှာ မသေချာသည့်အခြေအနေဖြစ်နေသည်။ 

ခါဘစ်က ယင်းပွဲအား ရာနှုန်းပြည့်ထိုးသတ်လိုပြီး UFC 29 ကျင်းပမည့်နေရာနှင့် ရုရှားမှ ထွက်ခွာခွင့်ရမည့် နည်းလမ်း(၂)ခုသာ လိုအပ်ကြောင်း ESPN နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent