ဘယ်လ်ဂျီယံလိဂ်ရပ်ဆိုင်းရန် ဆုံးဖြတ်ပြီးနောက် ဥရောပလိဂ်ပြိုင်ပွဲများ မဖျက်သိမ်းရန်နှင့် ဇူလိုင်၊ သြဂုတ်အထိ ကျင်းပနိုင်ရန်ပါ စီစဉ်နေကြောင်း UEFA အကြောင်းကြားစာပေးပို့

ဘယ်လ်ဂျီယံလိဂ်ရပ်ဆိုင်းရန် ဆုံးဖြတ်ပြီးနောက် ဥရောပလိဂ်ပြိုင်ပွဲများ မဖျက်သိမ်းရန်နှင့် ဇူလိုင်၊ သြဂုတ်အထိ ကျင်းပနိုင်ရန်ပါ စီစဉ်နေကြောင်း UEFA အကြောင်းကြားစာပေးပို့
Photos: AFP ,Getty Images
Photos: AFP ,Getty Images
Published 4 April 2020

 

ဘယ်လ်ဂျီယံ ပထမတန်းလိဂ်ပြိုင်ပွဲကို ဆက်လက်မကျင်းပဘဲ ရပ်ဆိုင်းရန် ဆုံးဖြတ် ကြောင်း ဧပြီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဥရောပလိဂ်ပြိုင်ပွဲများ မဖျက်သိမ်း ရန်နှင့် ဇူလိုင်၊ သြဂုတ်အထိ ကျင်းပနိုင်ရန်ပါ စီစဉ်နေကြောင်း အကြောင်းကြားစာပေး ပိုခဲ့သည်။

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်၊ ဥရောပ ကလပ်အသင်းများအဖွဲ့ (ECA) ဥက္ကဋ္ဌ အဂ္ဂါနယ်လီ၊ ဥရောပလိဂ်ပြိုင်ပွဲများအဖွဲ့ (EL) ဥက္ကဋ္ဌ လားစ်ခရစ္စတာအော်လ်ဆန်တို့ လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာကို UEFA အဖွဲ့ဝင် ဘောလုံးအဖွဲ့ချုပ် (၅၅) ခု အပါအဝင် လိဂ်ပြိုင်ပွဲအားလုံးနှင့် ကလပ် အသင်းများထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

''လာမယ့်လပိုင်းအတွင်း ဘောလုံးပွဲတွေ ပြန်ကစားနိုင်တော့မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ကျန်းမာရေးအာဏာ ပိုင်တွေက ခွင့်ပြုပေးတဲ့အခြေအနေမှာ ပြန်စခွင့်ရမှာပါ။ လက်ရှိအခြေအနေမှာ ပြည်တွင်း လိဂ်ပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်တာက ဆန္ဒစောလွန်းသလို မျှတမှုမရှိဘူးလို့လည်း ယုံကြည်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်နေပြီး ပြိုင်ပွဲအားလုံးကို မူလစီစဉ်ထားတဲ့အတိုင်း ပြီးဆုံးနိုင်အောင်လို့ နေ့စဉ်လုပ်ဆောင်လျက် ရှိသလို တိကျသေချာတဲ့အစီအစဉ်တွေလည်း  ရေးဆွဲထားပါတယ်။ လက်ရှိအချိန်မှာတော့ ဇူလိုင်၊ သြဂုတ်လတွေမှာ ကျင်းပနိုင်ဖို့အတွက် ကိုပါ အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ အဲဒီအစီအစဉ်တွေထဲမှာ ပြည်တွင်းလိဂ်ပြိုင် ပွဲတွေပြီးသွားချိန်ကျရင် ဥရောပပြိုင်ပွဲတွေ စတင်ကျင်းပမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။ လက်ရှိရာသီ ပြန်လည်စတင်ဖို့နဲ့ လာမယ့်ရာသီသစ်အတွက် အဖြေရှာနိုင်ဖို့ ဘောလုံးပြက္ခဒိန်ကို ပူးပေါင်းစီမံခန့်ခွဲဖို့ လို အပ်ပါတယ်။ ဝန်နဲ့အားမမျှတဲ့အတွက် သက် ရောက်မှုတချို့တော့ ရှိပါလိမ့်မယ်'' ဟု ယင်း အကြောင်းကြာစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဘယ်လာရုစ်ပရီးမီးယားလိဂ်မှလွဲ၍ ကျန်ဥရောပလိဂ်ပြိုင်ပွဲများ အားလုံးရပ်နားထားပြီး ဘယ်လ်ဂျီယံလိဂ်က ဖျက်သိမ်းရန် ဆုံးဖြတ်သည့် ပထမဆုံးလိဂ် ပြိုင်ပွဲဖြစ်လာသည်။ ဘယ်လ်ဂျီယံပထမတန်း ပြိုင်ပွဲမှာ ပုံမှန်ရာသီပြီးဆုံးရန် တစ်ပွဲကျန်ရှိနေသေးပြီး ကလပ်ဘရုဂေးအသင်းက (၂၉) ပွဲကစား ရမှတ် (၇၀) ဖြင့် ဒုတိယနေရာမှ KAA ဂျန့်အသင်းကို (၁၅) မှတ်ဖြတ်၍ ဦးဆောင်လျက် ရှိသည်။ 

ချန်ပီယံဆုအတွက် အဆင့် (၁) မှ (၆) အတွင်း ရပ်တည်နိုင်သည့်ခြောက်သင်း Play-Offs ပြန်ကစားရမည်ဖြစ်သော်လည်း ဧပြီ (၂) ရက်ကပြုလုပ်သည့် ဘုတ်အဖွဲ့အစည်း အဝေးတွင် လက်ကျန်ရာသီကို ဖျက်သိမ်း၍ ကလပ်ဘရုဂေးအသင်းအား ချန်ပီယံဆုပေး အပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဧပြီ (၁၅) ရက်တွင်ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး၌ အတည်ပြုပြီးမှသာ လက်ကျန်ရာသီကိုဖျက်သိမ်း၍ ချန်ပီယံဆုပေးအပ် ခြင်းရှိမရှိ အတည်ပြုနိုင်မည်ဖြစ်သည်။

 

Most Read

Most Recent