ချယ်လ်ဆီးအသင်းမှ ဗီလာအ သင်းသို့ အငှားသွားရောက်ကစားနေ သော အင်္ဂလန်ကွင်းလယ်လူ ဒရင့်ဝါတာ၏ Foodwell စားသောက်ဆိုင် မှာ (၁)နှစ်အတွင်း ပေါင် (၂)သန်းအ ထိ အရှုံးပြခဲ့ကြောင်းသိရှိရသည်။
မန်ချက်စတာမြို့တွင် ဖွင့်လှစ်ထားသည့် ယင်းစားသောက်ဆိုင်မှာ စားသုံးသူ များအကြား နာမည်ကောင်းရကာ အွန်လိုင်းတွင် ချီးကျူးမှုများရှိသော်လည်း ငွေကြေးဆုံးရှုံးမှုမှာ အလွန်များ ပြားနေခြင်းဖြစ်သည်။

ယင်းစားသောက်ဆိုင်မှာ ကျန်း မာရေးနှင့် ညီညွတ်သည့်အစားအ သောက်များကို ရောင်းချခြင်းဖြစ်ပြီး ကျန်းမာရေးအတွက် ကိုယ်လက်လေ့ ကျင့်ရေးခန်းမများကိုလည်း အတူတွဲ ၍ထားရှိကြောင်း သိရှိရသည်။ လက်ရှိ တွင် အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုဒဏ်ကို အလူးအလဲ ခံနေရပြီး ဒရင့်ဝါတာ၏ စားသောက် ဆိုင်မှာလည်း ယာယီပိတ်ရန်တာဝန် ရှိသူများက ညွှန်ကြားထားရာ ၎င်းင်းအ နေဖြင့် ဆုံးရှုံးမှု ပိုမိုကြီးထွားနိုင် ကြောင်းသိရှိရသည်။

ယင်းစားသောက်ဆိုင်တွင် ဝန်ထမ်း (၄၅)ဦးအထိ ထားရှိပြီး ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှု မပြီးမချင်းဆိုင်ကို ပိတ် ထားရဖွယ်ရှိနေသည်။ ဒရင့်ဝါတာ သည် ချယ်လ်ဆီးအသင်းတွင် ပုံမှန် နေရာရရန် ရုန်းကန်နေရခြင်းကြောင့် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ဗီလာအသင်းသို့အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ဒရင့်ဝါတာသည် မန်ချက်စတာမြို့တွင်မွေး ဖွားခဲ့သူဖြစ်ပြီး မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သည်။










