ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပြီး ကလပ်ဘရုဂေးကို ချန်ပီယံအဖြစ်သတ်မှတ်

ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပြီး ကလပ်ဘရုဂေးကို ချန်ပီယံအဖြစ်သတ်မှတ်
Photos : Getty Images
Photos : Getty Images
Published 3 April 2020

ဘယ်လ်ဂျီယံအဆင့်မြင့်တန်းဖြစ်သည့် ဂျူပီလာပရိုလိဂ်ပြိုင်ပွဲအား ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး  လက်ရှိအမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ကလပ်ဘရုဂေးအသင်းကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းအတွက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံသည် ပွဲစဉ်များရပ်နားထားရသည့် ဥရောပနိုင်ငံများထဲတွင် ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ဂျူပီလာပရိုလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများ၏ ဘုတ်အဖွဲ့ဒါရိုက်တာများက ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လျှို့ဝှက်မဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့ရာတွင် ကလပ်ဘရုဂေးအသင်းကို မဲရလဒ်အပြတ်အသတ်အသာဖြင့် ချန်ပီယံဆုပေးရန် ဆန္ဒပြုခဲ့ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို အခြားလိဂ်ပြိုင်ပွဲများတွင် ချမှတ်မည်ဆိုပါက လီဗာပူးလ်၊ PSG၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်စသည့် ကလပ်အသင်းများသည် ချန်ပီယံဆုများကို ဆွတ်ခူးနိုင်မည်ဖြစ် သော်လည်း အဓိက အခက်အခဲမှာ ပွဲစဉ်အခြေအနေဖြစ်နေသည်။

ကလပ်ဘရုဂေးအသင်းသည် ပုံမှန်ရာသီကုန်ဆုံးရန် (၁)ပွဲသာလိုအပ်ချိန်တွင် (၁၅)မှတ်ဖြတ်ဦးဆောင်နေသည့်အသင်းဖြစ်ပြီး Play-off ပြန်ကစားရဦးမည်ဖြစ်သော်လည်း မကစားတော့ဘဲ ချန်ပီယံဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent