မာတွီဒီက "ဒါဟာ စိတ်ပိုင်းဆိုင်ရာတစ်ခုပါပဲ။ ပထမမှာတော့ ကျွန်တော် ကြောက်ရွံ့မိတယ်။ ဒါပေမဲ့ အခုအခြေအနေကောင်းနေပါပြီ။ ဒီနေ့တွေမှာ ရောဂါလက္ခဏာလည်း မရှိတော့ပါဘူး"ဟု ပြောကြားခဲ့သည်။
ပြင်သစ်ဝါရင့်ကွင်းလယ်လူ မာတွီဒီသည် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရခြင်းမှ ပြန်လည်သက်သာလာပြီး ကျန်းမာရေးကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။

မာတွီဒီက "ဒါဟာ စိတ်ပိုင်းဆိုင်ရာတစ်ခုပါပဲ။ ပထမမှာတော့ ကျွန်တော် ကြောက်ရွံ့မိတယ်။ ဒါပေမဲ့ အခုအခြေအနေကောင်းနေပါပြီ။ ဒီနေ့တွေမှာ ရောဂါလက္ခဏာလည်း မရှိတော့ပါဘူး"ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်နောက်ခံလူ ရူဂါနီ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် မာတွီဒီမှာ ဒုတိယမြောက်ကူးခံရသူဖြစ်ခဲ့ပြီး ၎င်းတွင် မည်သည့်ရောဂါလက္ခဏာမှ မပြခဲ့ပေ။

သို့သော် ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Positive ပြခဲ့သဖြင့် သီးခြားနေထိုင်ကာ ကုသမှု ခံယူခဲ့ရပြီး ယခုအခါ ပြန်လည်သက်သာလာပြီဖြစ်သည်။
မာတွီဒီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မိခင်ကလပ် ဂျူဗင်တပ်စ်အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းတွင် ၂၀၂၀-၂၁ ရာသီကုန်အထိ ဆက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းမှာ ၂၀၁၇ သြဂုတ်လက PSG အသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ယခုရာသီတွင်လည်း အသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ကစားပေးထားသူ ဖြစ်သည်။