CIES သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် ဘောလုံးအသင်းများ၏အခြေအနေနှင့် ကစားသမားများ၏ စျေးကွက်တန်ဖိုးကို အခြေခံတွက်ချက်ခဲ့ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုမှ ကလပ်အသင်းများ၏ဆုံးရှုံးမှုမှာ ကြီးမားဖွယ်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတကာအားကစားသုတေသနအဖွဲ့ (CIES) ၏ စစ်တမ်းအရ ဥရောပထိပ်တန်းလိဂ် (၅)ခုမှ ကလပ် အသင်းများသည် ယူရို (၉.၃)ဘီလီယံအထိ ဆုံးရှုံးနစ်နာရဖွယ်ရှိကြောင်း သိရသည်။

CIES သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် ဘောလုံးအသင်းများ၏အခြေအနေနှင့် ကစားသမားများ၏ စျေးကွက်တန်ဖိုးကို အခြေခံတွက်ချက်ခဲ့ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုမှ ကလပ်အသင်းများ၏ဆုံးရှုံးမှုမှာ ကြီးမားဖွယ်ရှိနေခြင်းဖြစ်သည်။

CIES ၏ စစ်တမ်းတွင် "ကစားသမား၏အသက်အရွယ်၊ စာချုပ် ကာလ၊ ကစားသမားဘဝစွမ်းဆောင်မှု၊ လက်ရှိခြေစွမ်းအပြင် အခြားအရာများကြောင့် ကစားသမားများ၏တန်ဖိုးမှာ ကျဆင်းသွားမည်ဖြစ်ကြောင်း"ပါရှိသည်။

ကိုရိုနာအလွန် ဥရောပထိပ်တန်းလိဂ် (၅)ခုမှ အသင်းများ၏ စျေးကွက်တန်ဖိုးမှာ ယူရို(၉.၃)ဘီလီယံအထိ လျော့ကျသွားဖွယ်ရှိပြီး မန်စီးတီး၊ ဘာစီလိုနာနှင့် လီဗာပူးလ်မှာ အထိနာဆုံးဖြစ်မည်ဟု CIES စစ်တမ်းက ဖော်ပြခဲ့သည်။
ကစားသမားများ၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာလည်း လျော့ကျသွားမည်ဖြစ်ပြီး CIES ၏ တွက်ချက်မှုအရ (၂၈)ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း သိရသည်။