ဟာရီကိန်းက "ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ဒီရာသီကို အဆုံးသတ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒီလို ကြိုးပမ်းတာကို အဆုံးသတ်ရမယ့် နေရာတစ်ခုတော့ ရှိပါတယ်။ ကျွန်တော့် သဘောအတိုင်းဆိုရင်တော့ ဇွန်လကုန်က နောက်ဆုံးပါပဲ"ဟု ပြောကြားခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်နှင့် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ဇွန်လကုန်တွင် အဆုံးသတ်ရန် မဖြစ်နိုင်ပါက ယခုရာသီပြိုင်ပွဲကို ဖျက်သိမ်းလိုက်သင့်သည်ဟု ပြောကြားသွားခဲ့သည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်နိုင်ငံရှိဘောလုံးပွဲစဉ်အားလုံးကို ဧပြီလ (၃၀)ရက်နေ့အထိ အနားပေးထားပြီး၊ ယင်းရက်အတိုင်းပြန်ကစားနိုင်မှသာ ဇွန်လတွင် အဆုံးသတ်မည့် အစီအစဉ်အတွက် သင့်တော်ဖွယ်ရှိနေသည်။

ဟာရီကိန်းက "ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ဒီရာသီကို အဆုံးသတ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒီလို ကြိုးပမ်းတာကို အဆုံးသတ်ရမယ့် နေရာတစ်ခုတော့ ရှိပါတယ်။ ကျွန်တော့် သဘောအတိုင်းဆိုရင်တော့ ဇွန်လကုန်က နောက်ဆုံးပါပဲ"ဟု ပြောကြားခဲ့သည်။
ဟာရီကိန်း၏ ပြောစကားသည် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ယခုရာသီလိဂ်ပြိုင်ပွဲများသည် ဖျက်သိမ်းဖွယ်ရှိသည်ဆိုသည့် မှတ်ချက်စကားအပြီးတွင် ပြိုင်ပွဲဖျက်သိမ်းမည့် အခြေအနေနှင့် ပတ်သက်၍ အသံအကျယ်ဆုံးထွက်ပေါ်လာသည့် စကားဖြစ်ပြီး သူ၏မှတ်ချက်စကားမှာ လီဗာပူးလ်ကဲ့သို့အသင်းမျိုးအတွက် စိတ်ပျက်စရာလည်းဖြစ်သည်။

ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းတော်တော်များများသည် (၉)ပွဲစီကစားရန် ကျန်ရှိနေသေးပြီး လီဗာပူးလ်အသင်းသည် ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၂၅)မှတ်ဖြတ် ဦးဆောင်လျက်ရှိရာ နှစ် (၃၀)ကြာဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆုကို ရယူရန်အလွန်နီးစပ်နေသည့် အခြေအနေလည်း ဖြစ်သည်။
Sky Sports ၏ သုံးသပ်သူနှင့် လီဗာပူးလ်နှင့် စပါးကစားသမားဟောင်း ဂျေမီရက်နက်ပ်နှင့် ပြုလုပ်ခဲ့သည့် Instagram Live တွင် ကိန်းက ယင်းကဲ့သို့ ဆိုခဲ့ခြင်းဖြစ်ပြီး "ဇူလိုင်၊ သြဂုတ်အထိ ကစားနေတာက နောက်ရာသီကိုလည်း ထိခိုက်ပြီး အကျိုးမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်သုံးသပ်မှုမှာ နောက်ကွယ်က ငွေကြေးကိစ္စတွေကိုတော့သိပ်မသိပါဘူး"ဟု ဆိုခဲ့သည်။










