ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံရေးသမားနှင့် ထိတွေ့မှုရှိခဲ့သည့် ပက်ကီယောင်း ဆေးစစ်ခံခဲ့ပြီး Negative ရလဒ်ထွက်ပေါ်

ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံရေးသမားနှင့် ထိတွေ့မှုရှိခဲ့သည့် ပက်ကီယောင်း ဆေးစစ်ခံခဲ့ပြီး Negative ရလဒ်ထွက်ပေါ်
Published 30 March 2020

(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပက်ကီယောင်းသည် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ အထက်လွှတ်တော်အမတ် ပီမယ်တယ်နှင့်အတူ တွဲရိုက်ထားသည့်ဓာတ်ပုံကြောင့် ဆေးစစ်မှုခံယူခဲ့ရခြင်းဖြစ်သည်။  

 

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် နိုင်ငံရေးသမားတစ်ယောက်နှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် ဆေးစစ်မှုခံယူခဲ့ရပြီး Negative  ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 

(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပက်ကီယောင်းသည် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ အထက်လွှတ်တော်အမတ် ပီမယ်တယ်နှင့်အတူ တွဲရိုက်ထားသည့်ဓာတ်ပုံကြောင့် ဆေးစစ်မှုခံယူခဲ့ရခြင်းဖြစ်သည်။  

ပက်ကီယောင်းက နေအိမ်တွင် Quarantine ယူခဲ့ပြီး တောင်ကိုရီးယားမှထုတ်လုပ်သည့် ဗိုင်းရပ်စ်ပိုးစစ်သည့်ဝတ်စုံဖြင့် စစ်ဆေးခံခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယင်းစစ်ဆေးမှုမှာ မြန်ဆန်လွန်းသည့်အတွက် တရားဝင်အသိအမှတ်ပြုထားသည့်ဝတ်စုံ မဟုတ်ကြောင်း သိရသည်။ 

"ကျွန်တော့်ရဲ့ပြည်သူများခင်ဗျား၊ Barangay Captain ရိုဆာနာဟွမ်ထံက စာမရောက်သေးခဲ့တဲ့အချိန်မှာတောင် ရောဂါပိုးကင်းရှင်းတယ်ဆိုတာ သိနေခဲ့ပါတယ်။ နေအိမ် Quarantine လည်း စတင်ယူနေပါပြီ။ ကျေးဇူးပြုပြီး မစိုးရိမ်ကြပါနဲ့။ တောင်ကိုရီးယားက ကျွန်တော့်မိတ်ဆွေတွေထံကနေ ဒီရောဂါပိုးအမြန်စစ်တဲ့ဝတ်စုံကို လက်ခံရရှိခဲ့ပါတယ်။ ဒီဝတ်စုံတွေနဲ့ပဲ ကိုရီးယားမှာ အဖြေထုတ်တာပါ။ ကျွန်တော့်ရဲ့ရလဒ်က Negative ပါ။ အဲဒီဝတ်စုံတွေကို FDA ကတော့ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ကိုရီးယားမှာတော့ ဒီဝတ်စုံကိုပဲ အသုံးပြုနေတာပါ"ဟု ပက်ကီယောင်းက ပြောကြားခဲ့သည်။ 

လက်ရှိတွင် ကမ္ဘာတစ်ဝှမ်း၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု လျင်မြန်စွာ မြင့်မားလာနေပြီး အချိန်မီကုသမှုများပြုလုပ်ရန်အတွက် ယင်းဝတ်စုံများကို ကူးစက်ခံရသည့်နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိနေကြောင်း သိရသည်။ 

ပက်ကီယောင်းသည် အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံအတွင်း ရောဂါပိုးပျံ့နှံ့လာချိန်၌ ဖိလစ်ပိုင်ပြည်သူများအတွက် သူ၏အသက်ကိုရင်းရလျှင်ပင် ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားထားခဲ့သည်။ 

မေလ(၂၉)ရက်သတင်းများအရ ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ (၁,၄၁၈)ဦးအထိ ရှိလာပြီး ယင်းထဲတွင် စိုးရိမ်ရသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည့် လူနာ(၇၁) ဦးရှိကာ ကမ္ဘာတစ်ဝှမ်းလုံး၌ ကူးစက်သေဆုံးမှုမှာ (၃၀၀၀၀)ကျော်အထိ ရှိလာသည်။

 

Most Read

Most Recent