ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Published 16 March 2020

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က "လတ်တလောကာလအတွင်း ဥက္ကဋ္ဌ ဖြစ်သူနှင့် ထိတွေ့မှုရှိခဲ့သူများအနေဖြင့် ဘောလုံးအဖွဲ့ချုပ်၏ ဆေးအဖွဲ့ထံ သတင်းပေးပို့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ခံယူသွားရန် လိုအပ်သည်"ဟု ကြေညာချက်ထုတ်ပြန်ကာ သတိပေး ခဲ့ကြောင်းလည်း သိရသည်။

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမီနစ်ဘလန့်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

ဒိုမီနစ်ဘလန့် (၇၀ နှစ်)သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာများ ပြသနေသည့်အတွက် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကူးစက် ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် ဆွစ်ဇာလန်လိဂ်ပြိုင်ပွဲကို ရွှေ့ဆိုင်းထားသလို၊ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်ကိုလည်း ပိတ်ထားပြီဖြစ်သည်။

ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က "လတ်တလောကာလအတွင်း ဥက္ကဋ္ဌ ဖြစ်သူနှင့် ထိတွေ့မှုရှိခဲ့သူများအနေဖြင့် ဘောလုံးအဖွဲ့ချုပ်၏ ဆေးအဖွဲ့ထံ သတင်းပေးပို့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ခံယူသွားရန် လိုအပ်သည်"ဟု ကြေညာချက်ထုတ်ပြန်ကာ သတိပေး ခဲ့ကြောင်းလည်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ (၂၄)နာရီအတွင်း ဦးရေ(၈၀၀)ကျော်အထိ ခုန်တက်ခဲ့ပြီး ယခုအခါ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၂၀၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ဒိုမီနစ်ဘလန့်သည် လက်ရှိတွင် ရောဂါခြေချုပ်ကာလအဖြစ်  နေအိမ်၌ သီးခြားနေထိုင်နေရပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း သိရသည်။

Most Read

Most Recent