အခြားအသင်းများကဲ့သို့ အနားမပေးဘဲ လေ့ကျင့်ခန်း ပုံမှန်ဆင်းစေသည့် နည်းပြ ဘီယဲလ်ဆာကြောင့် လိဒ်စ်ကစားသမားများ စိတ်ပျက်နေ

အခြားအသင်းများကဲ့သို့ အနားမပေးဘဲ လေ့ကျင့်ခန်း ပုံမှန်ဆင်းစေသည့် နည်းပြ ဘီယဲလ်ဆာကြောင့် လိဒ်စ်ကစားသမားများ စိတ်ပျက်နေ
Published 16 March 2020

လက်ရှိတွင် အင်္ဂလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှုပြဿနာကြောင့် ဘောလုံးပွဲများကို ရပ်ဆိုင်းထားသလို၊ ကလပ်အသင်းအတော်များများမှာလည်း ကစားသမားများအား ရက်အပိုင်းအခြားဖြင့် အနားပေးလျက်ရှိသည်။ 

 

လိဒ်စ်အသင်းနည်းပြ ဘီယဲလ်ဆာသည် သူ၏အသင်းမှ ကစားသမားများအား အနားမပေးဘဲ လေ့ကျင့်ခန်း ပုံမှန်ဆင်းစေလျက်ရှိရာ လိဒ်စ်ကစားသမားအချို့မှာ ယင်းဆုံးဖြတ်ချက်အတွက် စိတ်ပျက်နေကြကြောင်း သိရှိရသည်။

လက်ရှိတွင် အင်္ဂလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှုပြဿနာကြောင့် ဘောလုံးပွဲများကို ရပ်ဆိုင်းထားသလို၊ ကလပ်အသင်းအတော်များများမှာလည်း ကစားသမားများအား ရက်အပိုင်းအခြားဖြင့် အနားပေးလျက်ရှိသည်။ 

အင်္ဂလန်လိဂ်ပြိုင် ပွဲ (၄)ခုစလုံးကို ဧပြီ (၃)ရက်နေ့မတိုင်မီအထိ ရပ်နားထားပြီး ကစားသမားအများစုမှာ အနားရလျက်ရှိနေသည်။ 

သို့သော် ဘီယဲလ်ဆာသည် သူ၏လိဒ်စ်အသင်းမှ ကစားသမားများအား အရင်ပုံစံအတိုင်းပင် လေ့ကျင့်ခန်းဆင်းစေလျက်ရှိရာ အသင်းအတွင်း နည်းပြဖြစ်သူ၏လုပ်ရပ်အပေါ် အချင်းချင်း မေးခွန်းထုတ်လျက်ရှိနေကြကြောင်း သိရသည်။ 

လိဒ်စ်ယူနိုက်တက်သည် လက်ရှိအချိန်တွင် လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဘီယဲလ်ဆာမှာ လိဒ်စ်အသင်းကို ပရီးမီးယားလိဂ်သို့ တန်းပြန်တက်အောင် ပြုလုပ်ပေးရန် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။

လိဒ်စ်ယူနိုက်တက်အသင်း သည်(၂၀၀၃-၀၄ ရာသီနောက်ပိုင်း) ပရီးမီးယားလိဂ်နှင့် (၁၆)နှစ်ကြာတိုင် ဝေးကွာနေသည့် အသင်းတစ်သင်း ဖြစ်သည်။

 

Most Read

Most Recent