အင်္ဂလန်ရှိ ဘောလုံးပွဲစဉ်တိုင်းကို ကွင်းပိတ်ကျင်းပရန်အတွက် စီစဉ်နေပြီး တစ်ရာသီစာလက်မှတ်ပိုင်ရှင်များကို တိုက်ရိုက်ကြည့်ခွင့်ရရန် ဆောင်ရွက်မည်

အင်္ဂလန်ရှိ ဘောလုံးပွဲစဉ်တိုင်းကို ကွင်းပိတ်ကျင်းပရန်အတွက် စီစဉ်နေပြီး တစ်ရာသီစာလက်မှတ်ပိုင်ရှင်များကို တိုက်ရိုက်ကြည့်ခွင့်ရရန် ဆောင်ရွက်မည်
Photo: Getty Images
Photo: Getty Images
Published 12 March 2020

ဗြိတိန်အစိုးရသည် အင်္ဂလန်နိုင်ငံတစ်ဝှမ်းလုံးရှိ ဘောလုံးပွဲစဉ်တိုင်းကို ကွင်းပိတ်ကျင်းပသွားရန် စီစဉ်နေပြီး တစ်ရာသီစာလက်မှတ်ပိုင်ရှင်များ၏ နစ်နာမှုအတွက်လည်း နေအိမ်တွင် တိုက်ရိုက်ကြည့်ရှုခွင့်ရရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် Crisis Plan ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး အစိုးရတာဝန်ရှိသူများနှင့် FA တို့သည် ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိသည်။

The Times သတင်းစာ၏ ဖော်ပြချက်အရ လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းမည်မဟုတ်သော်လည်း ပရိသတ်မပါသည့် ပွဲစဉ်များကို ကစားသွားစေမည်ဖြစ်ပြီး တစ်ရာသီစာလက်မှတ်ပိုင်ရှင်များကို နေအိမ်တွင် တိုက်ရိုက်ကြည့်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကွင်းတွင်းပရိသတ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဖြစ်သလို၊ ဘီယာဆိုင်များ၊ ဘားများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဘောလုံးပွဲများ ပြသခြင်းကိုပါ ပိတ်ပင်မည်ဖြစ်ရာ ပရိသတ်များအတွက် အခက်အခဲများ ရှိလာတော့မည်ဖြစ်သည်။

ဗြိတိန်တွင် Covid-19 ဗိုင်းရပ်စ်ကူးစက်မှုမှာ စုစုပေါင်း (၄၆၀) ရှိလာပြီဖြစ်ပြီး အစိုးရက စောင့်ကြည့်နေသည့် (၅၀၀)နားကပ်လာသည့်အတွက် ထိုသို့ စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိ ကူးစက်ခံထားရသူများမှာ အင်္ဂလန်တွင် ၃၈၇ ဦး၊ စကော့တလန်တွင် ၃၆ ဦး၊ မြောက်အိုင်ယာလန်တွင် ၁၈ ဦးနှင့် ဝေးလ်စ်တွင် ၁၉ ဦးဖြစ်သည်။

 

Most Read

Most Recent