ဒေါ့မွန်မှ ဆန်ချို ထွက်ခွာနိုင်သည်ဟု အသင်းအမှုဆောင်ချုပ် ပြောကြား

ဒေါ့မွန်မှ ဆန်ချို ထွက်ခွာနိုင်သည်ဟု အသင်းအမှုဆောင်ချုပ် ပြောကြား
Published 12 March 2020

ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဝေါ့ဇ်ကီက "ဆန်ချိုက ပါရမီရှင်ကစားသမားပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်နိုင်ပြီး တစ်နေ့မှာ အသင်းကထွက်ခွာဖို့ တောင်းဆိုလာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

ဒေါ့မွန်အသင်းအမှုဆောင်ချုပ် ဝေါ့ဇ်ကီက အသင်းတောင်ပံကစားသမား ဆန်ချိုအနေဖြင့် အသင်းမှထွက်ခွာနိုင်သည်ဟု ပြောကြားခဲ့သည်။

အသက် (၁၉)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြသည်။ 

ဝေါ့ဇ်ကီက ဆန်ချိုမှာ လက်ရှိ အသက်(၂၁)နှစ်အောက် ကစားသမားများထဲတွင် အကောင်းဆုံးဖြစ်ပြီး တစ်နေ့တွင် အသင်းမှထွက်ခွာခွင့် တောင်းဆိုလာနိုင်သည်ဟု ဆိုခဲ့သည်။ 

ဝေါ့ဇ်ကီက "ဆန်ချိုက ပါရမီရှင်ကစားသမားပါ။ သူဟာ လက်ရှိ အသက်(၂၁)နှစ်အောက် ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်နိုင် ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်နိုင်ပြီး တစ်နေ့မှာ အသင်းကထွက်ခွာဖို့ တောင်းဆိုလာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ(၂၃)ပွဲတွင် (၁၄)ဂိုးသွင်း၊ (၁၅)ဂိုးဖန်တီးကာ ချန်ပီယံလိဂ်(၈)ပွဲတွင် (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးထားသူဖြစ်သည်။

 

Most Read

Most Recent