ရှုံးထွက် (၁၆)သင်းအဆင့် ကံကြမ္မာဆိုးကို ကျော်ဖြတ်ခဲ့တဲ့ PSG

ရှုံးထွက် (၁၆)သင်းအဆင့် ကံကြမ္မာဆိုးကို ကျော်ဖြတ်ခဲ့တဲ့ PSG
Photos : AFP
Photos : AFP
Published 12 March 2020

 

နေမာရဲ့ဦးဆောင်မှု

PSG ၂-၀ ဒေါ့မွန်

(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် PSG နိုင်)


PSG အသင်းတိုက်စစ်ကို နေမာက ဦးဆောင်ပြီး (၁၆)သင်းအဆင့်ကနေ (၃)ရာသီဆက်ထွက်ခဲ့ရမှုကို အဆုံးသတ်ပေးနိုင်ခဲ့တယ်။  ဒေါ့မွန်အသင်းက နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်အသုံးပြုနေတဲ့ (၃)ယောက်တန်းခံစစ်နဲ့ PSG အသင်းကို ဟန့်တားနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုပွဲမှာ အဆိုးရွားဆုံးက ဒေါ့မွန်အသင်း ခံစစ်ပိုင်းပါပဲ။ Wing Back တွေဖြစ်တဲ့ ဟာကီမီနဲ့ ဂယ်ဟေရိုတို့အပါအဝင် နောက်ခံလူ (၅)ဦးအထိ ပါဝင်ခဲ့ပေမယ့် ဂိုးဧရိယာတစ်ဝိုက်မှာ Space များစွာဖြစ်ပေါ်ခဲ့ပြီး PSG အသင်းကို အခွင့်အရေးတွေ ပေးခဲ့ရတယ်။ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားတဲ့ PSG အသင်း (၂၅)မိနစ်ရောက်မှ ဒေါ့မွန်အသင်းဂိုးပေါက်ကို စတင်ခြိမ်းခြောက်နိုင်ခဲ့တယ်။

ဒါပေမဲ့ (၃)မိနစ်အကြာမှာ (၆)ကိုက်စည်းအတွင်းကနေ နေမာက ခေါင်းတိုက်ကာ အဖွင့်ဂိုးသွင်းခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ဘားနတ်က ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ PSG အသင်းခံစစ် ပိုင်းစွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး အနာဂတ်ကြယ်ပွင့်တွေဖြစ်တဲ့ ဟော်လန်း၊ ဆန်ချိုတို့ကို အခွင့်အရေးလုံးဝမပေးခဲ့ပါဘူး။

(၈၉)မိနစ်မှာတော့ နေမာကိုတွန်းခဲ့တဲ့ အမ်မရီချန် တိုက်ရိုက်အနီ ကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

Most Read

Most Recent