ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ ပွဲစဉ်(၂၆)ကို ဒီအပတ်မှာ ကစားနေတာဖြစ်ပြီး ဆာဆူအိုလို-ဘရက်စီယာပွဲကတော့ နောက်ဆုံးပွဲစဉ်ပါ . . .
ဆာဆူအိုလို နှင့် ဘရက်စီယာ (အင်္ဂါနံနက် ၁၂းဝ၀ နာရီ)
ဘာရက်ဒီ ပြန်ပါလာပြီးနောက် ဆာဆူအိုလိုရဲ့ တိုက်စစ်ကစားပုံ တိုးတက်လာတယ်။ တောင်ပံကစားသမား ဘိုဂါကလည်း ကစားကောင်းမွန်ပြီး ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့အပြင် ဂိုးပါ သွင်းယူလာနိုင်ပါတယ်။ ဘရက်စီယာက ဆာဆူအိုလိုထက် အားနည်းလွန်းလို့ ဒီပွဲမှာလည်း အရှုံးပေးရပါဦးမယ်။










