ဒီရာသီမှာ ဆရာဟောင်းတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုကို အလဲထိုးခဲ့တဲ့ လမ်းပတ်က ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ နောက်ထပ် ဆရာဟောင်းတစ် ဦးဖြစ်တဲ့ အန်ဆယ်လော့တီကို ဂိုးပြတ်အနိုင်ယူပြီး ချေမှုန်းလိုက်ပြန်တယ်။
ချယ်လ်ဆီးရဲ့ကစားပုံ က မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေက Effective ဖြစ်တာကို တွေ့ခဲ့ရတယ်။

အသင်းကိုကြည့်ရတာ Effort ဖြစ်ပြီး နိုင်လိုစိတ်အပြည့်နဲ့ ကစားခဲ့တာကိုလည်း မြင်ရတယ်။ အဲဗာတန်လိုအသင်းမျိုးကို ဒီလောက်အထိ ပုံပျက်ပန်းပျက်ဖြစ်သွားအောင် လုပ်ခဲ့ခြင်းမှာ ကွင်းလယ်က မေဆင်မောင့်၊ တိုက်စစ်ပိုင်းမှာ ကစားတဲ့ ပတ်ဒရို၊ ဝီလီယံ၊ ဂျရူးတို့ အားလုံးအားကိုး ခဲ့ရသလို၊ ဆယ်ကျော်သက်အရွယ် လူငယ်ကြယ်ပွင့်လေးတစ်ဦးဖြစ်တဲ့ ဂီလ်မော်ရဲ့ စွမ်းဆောင်ရည်ကလည်း အားရစရာကောင်းတယ်။
ဒါ့အပြင် နောက်ပိုင်းပွဲတွေမှာ စိတ်ပျက်စရာကစားပုံကို ပြသနေတဲ့ ဘာကလေတောင် အသင်းဟောင်းနဲ့ပွဲမှာ ပုံစံကောင်းပြနိုင်ခဲ့တာကို မြင်ရတယ်။ ဒီပွဲ ဟာ ၂၀၂၀ မှာ ချယ်လ်ဆီးရဲ့အကောင်းဆုံးပွဲဖြစ်ပြီး လမ်းပတ် အကျေနပ်ရဆုံးပွဲတစ်ပွဲလည်းဖြစ်လိမ့်မယ်။

ပွဲကြီးပွဲကောင်းအဖြစ် ယူဆထားခဲ့ပေမယ့် ပွဲစပြီး (၁)နာရီလောက်မှာကတည်းက အဖြေထွက်ခဲ့ပြီး Clincial Finishing ကပဲ ပွဲကို အဆုုံးအဖြတ်ပေးခဲ့တာပါ။
မေဆင်မောင့်က ဒီဇင်ဘာကတည်းက ဂိုးပေါက်ပျောက်နေတာကို အဆုံးသတ်ခဲ့ပြီး၊ ပတ်ဒရိုလည်း စက်တင်ဘာနောက်ပိုင်း ပထမဆုံးဂိုးပြန်သွင်းနိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ဝီလီယံနဲ့ ဂျရူးတို့က နောက်ထပ်ဂိုးတွေ သွင်းခဲ့ကြတာဖြစ်တယ်။ ဒီပွဲမှာ ကွင်းလယ်ကို လမ်းပတ် Makeshift လုပ်ခဲ့ပုံက ချီးကျူးစရာဖြစ်ပြီး ကွင်းလယ်ရဲ့ Base နေရာမှာ (၁၈)နှစ်သား လူငယ်လေးကို ရဲရဲဝင့်ဝင့် ထုတ်သုံးခဲ့တာလည်း ချီးကျူးရမယ်။

ဒါ့အပြင် ဂီလ်မော်က နောက်ထပ် Masterclass ကို ပြသခဲ့တာလည်းမြင်ခဲ့ရတယ်။ အဲဗာတန်ကတော့ စိတ်ပျက်စရာပါပဲ။ အန်ဆယ်လော့တီက ဒီအသင်းကို ဥရောပအဆင့်ဖြစ်လာ စေချင်ရင် ဘယ်လောက် အလုပ်လုပ်ရဦးမလဲ ဆိုတာကို ပြသခဲ့တဲ့ပွဲလို့လည်း ပြောလို့ရတယ်။
ပုံမှန်အားဖြင့် Pace ကို အားပြုကစားတဲ့အသင်းဟာ off the pace ဖြစ်နေတယ်။ Shape မရှိဘူး။ Pressing မကောင်းဘူး။ စုဖွဲ့ပုံ၊ စိတ်ဓာတ်၊ ပင်ကိုစရိုက်တွေအားလုံး ပျောက်ဆုံးခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်တယ်။

ချယ်လ်ဆီးအတွက်ဂိုးတွေကို (၁၄၊ ၂၁၊ ၅၁၊ ၅၄) မိနစ်တွေမှာ မေဆင်မောင့်၊ ပတ်ဒရို၊ ဝီလီယံနဲ့ ဂျရူးတို့က သွင်းခဲ့ကြပြီး အဖိုးတန် (၃)မှတ်ကို ရယူခဲ့ပါတယ်။










