နာပိုလီတိုက်စစ်မှူး မာတင်စ် ဟမ်ဆစ်၏ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

နာပိုလီတိုက်စစ်မှူး မာတင်စ် ဟမ်ဆစ်၏ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ
Photo: Optapaolo
Photo: Optapaolo
Published 27 February 2020

နာပိုလီတိုက်စစ်မှူး မာတင်စ်သည် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင်  အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ယင်းဂိုးကြောင့် မာတင်စ် သည် နာပိုလီအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် ဟမ်ဆစ်ခ်၏ စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။ 

    မာတင်စ်သည် ဟမ်ဆစ်၏ (၁၂၁)ဂိုးစံချိန်ကို လိုက်မီခဲ့ပြီး ယင်းအရေ အတွက်ကို ရရှိရန် ဟမ်ဆစ်မှာ ပွဲပေါင်း(၅၂၀)ကစားခဲ့ရသော်လည်း ၎င်းကမူ ပွဲပေါင်း(၃၁၀)သာ ကစားခဲ့ရသည်။ 

မာတင်စ်သည် ၂၀၁၃ ခုနှစ်က PSV အသင်းမှ နာပိုလီအသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းနှင့်အတူ ကိုပါအီတာလီယာ (၁)ကြိမ်၊ အီတလီစူပါဖလား(၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    ဂိုးသွင်းအများဆုံးအဖြစ် မာတင်စ်နှင့် ပူးတွဲရပ်တည်နေသော ဟမ်ဆစ်မှာ အသင်းတွင် မရှိတော့သဖြင့် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ရန် မာတင်စ်မှာ အလွန်နီးစပ်နေပြီဖြစ်သည်။ 

သို့သော် မာတင်စ်သည် ဘာစီလိုနာအသင်းနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး (၂)ပတ်ခန့် အနားယူရတော့မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent