အင်တာမီလန် - လူဒိုဂိုရတ်စ် ယူရိုပါလိဂ်ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားဖွယ်ရှိ

အင်တာမီလန် - လူဒိုဂိုရတ်စ် ယူရိုပါလိဂ်ပွဲကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 24 February 2020

ယခုတစ်ပတ် ကြာသပတေးနေ့တွင် ယှဉ်ပြိုင်ကစားမည့် အင်တာမီလန်နှင့် လူဒိုဂိုရတ်စ်အသင်းတို့၏ ယူရိုပါလိဂ်ပွဲစဉ်ကို ပရိသတ်မပါဘဲ ကွင်းပိတ်ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း သိရှိရသည်။

အီတလီနိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်၏ ခြိိိမ်းခြောက်မှု အများဆုံးခံနေရသည့် နိုင်ငံဖြစ်သောကြောင့် တာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေသောကြောင့် ယခုတစ်ပတ် စီးရီးအေပွဲစဉ်(၄)ပွဲကို ရွှေ့ဆိုင်းခဲ့ရသလို မီလန်မြို့မှ စာသင်ကျောင်းများနှင့် ကောလိပ်များကိုလည်း ယနေ့ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အင်တာမီလန် - လူဒိုဂိုရတ်စ်ပွဲမှာ မီလန်မြို့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပွဲရွှေ့ဆိုင်းခြင်းမပြုလိုပါက ကွင်းပိတ်၍ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ယင်းအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် အီတလီအစိုးရအရာရှိများ ဆွေးနွေးနေကြကြောင်းလည်း သိရှိရသည်။

ယင်းပွဲစဉ်ကို ဘူလ်ဂေးရီးယားပရိသတ် (၆၀၀)ကျော် လာရောက်အားပေးဖွယ်ရှိနေသည့်အတွက် ပွဲအခြေအနေနှင့်ပတ်သက်၍ အချိန်မီ အသိပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

လက်ရှိအချိန်၌ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၆၀)ဝန်းကျင် ရှိနေပြီး (၃)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent