နောင်လာမည့်အငြင်းပွားဖွယ်ဖြစ်ရပ်များတွင် ကွင်းလယ်ဒိုင်နှင့် VAR ဒိုင်တို့၏ ဆွေးနွေးမှုများကို ပရိသတ်များ တိုက်ရိုက်ကြားသိရဖွယ်ရှိ

နောင်လာမည့်အငြင်းပွားဖွယ်ဖြစ်ရပ်များတွင် ကွင်းလယ်ဒိုင်နှင့် VAR ဒိုင်တို့၏ ဆွေးနွေးမှုများကို ပရိသတ်များ တိုက်ရိုက်ကြားသိရဖွယ်ရှိ
Published 24 February 2020

လက်ရှိတွင် ရပ်ဘီပြိုင်ပွဲ၌ အငြင်းပွားဖွယ်ဖြစ်ရပ်များကို ကွင်းလယ်ဒိုင်နှင့် ရုပ်သံဒိုင်လူကြီး (Television Match Official - TMO) တို့ ဆွေးနွေးရာ၌ ကွင်းအတွင်းရှိ ပရိသတ်များနှင့် ရုပ်သံကြည့်ပရိသတ်များပါ တိုက်ရိုက်ကြားသိစေရန် စီစဉ်ပေးထားသည်။

နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) ၏ နှစ်ပတ်လည်အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း မြောက် အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ VAR နှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

နောင်လာမည့်အငြင်းပွားဖွယ် ဖြစ်ရပ်များတွင် VAR ဖြင့် ဆုံးဖြတ်ရာ၌ ကွင်းလယ်ဒိုင်နှင့် VAR ဒိုင်တို့၏ အပြန်အလှန်ဆွေးနွေးမှုကို ပရိသတ်များအား တိုက်ရိုက်အသိပေးရန်အတွက် IFAB က ဆွေးနွေးဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

လက်ရှိတွင် ရပ်ဘီပြိုင်ပွဲ၌ အငြင်းပွားဖွယ်ဖြစ်ရပ်များကို ကွင်းလယ်ဒိုင်နှင့် ရုပ်သံဒိုင်လူကြီး (Television Match Official - TMO) တို့ ဆွေးနွေးရာ၌ ကွင်းအတွင်းရှိ ပရိသတ်များနှင့် ရုပ်သံကြည့်ပရိသတ်များပါ တိုက်ရိုက်ကြားသိစေရန် စီစဉ်ပေးထားသည်။

ဘောလုံးပွဲများတွင်မူ VAR ဖြင့် ဆုံးဖြတ်မှုများ၌ ပရိသတ်များမှာ မည်ကဲ့သို့ဖြစ်လာမည်ဆိုသည်ကို မသိရှိရဘဲ မိနစ်အနည်းငယ်ကြာစောင့်ဆိုင်းပြီးမှ အပြီးသတ်ရလဒ်ကို သိရှိရသည်။ 

IFAB အတွင်းရေးမှူးလူးကပ်စ်ဘရွတ်ခ်က ဘောလုံးပရိသတ်များနှင့် VAR အကြား ဆက်သွယ်မှုပိုမိုကောင်းမွန်စေရန်  ဆောင်ရွက်ရမည့် နည်းလမ်းများကို မိမိတို့လေ့လာနေသည်ဟုပြောကြားခဲ့သည်။

Most Read

Most Recent