ဘွန်ဒစ်လီဂါထိပ်သီးအသင်းတွေ ချန်ပီယံလိဂ်မှာ ပွဲကျပ်တဲ့အနေအထားကြောင့် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဘက်ကို အနည်းနဲ့အများ ရိုက်ခတ်မှုတွေရှိလာနိုင်တာ သတိပြုရပါမယ် . . .
မိုချန်ဂလာဘတ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)
မိုချန်ဂလာဘတ်အသင်း ဘွန်ဒစ်လီဂါအိမ်ကွင်း(၈)ပွဲဆက် အနိုင်ကစားထားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် မိုချန် ဒီပွဲလည်း အနိုင်ကစားမှာပါ။
၀ါဒါဘရီမင် နှင့် ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)
မကြာသေးမီကပဲ ဂျာမန်ဖလားမှာ ဒေါ့မွန်အသင်း အရှုံးပေးထားရတယ်။ နောက်ဆုံးတွေ့ဆုံတဲ့(၁၀)ပွဲမှာ ပြတ်ပြတ်သားသားအဖြေပေါ်တဲ့ပွဲလည်း တစ်ပွဲမှမရှိခဲ့ဘူး။ ၀ါဒါဘရီမင်ဘက်ကပဲ အရဲစွန့်ရပ်တည်သင့်တယ်။
ဟာသာဘာလင် နှင့် ကိုလုံး (စနေည ၉းဝ၀ နာရီ)
ဟာသာဘာလင်က ယာယီနည်းပြရဲ့ပွဲဦးထွက်မှာ အဖွင့်လှထားတယ်။ အိမ်ကွင်း(၄)ပွဲဆက်နိုင်ပွဲပျောက်ထားပေမယ့် ဟာသာဘာလင် ဒီပွဲတော့ အနိမ့်ဆုံးသရေကစားမှာပါ။
ဖရိုင်းဘတ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေည ၉းဝ၀ နာရီ)
ဒစ်ဆယ်ဒေါ့ဖ်ရဲ့လက်ရှိအနေအထားနဲ့ယှဉ်ရင်တော့ ဖရိုင်းဘတ်အသင်းက များစွာသာပါတယ်။ ဖရိုင်းဘတ် အမှတ်ပြည့်ယူလိမ့်မယ်။
ရှော်လ်ကေး နှင့် လိုက်ပ်ဇစ် (စနေည ၁၂းဝ၀ နာရီ)
ရှော်လ်ကေးက ဘွန်ဒစ်လီဂါနောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဘိုင်ယန်တစ်သင်းတည်းကိုသာ ဂိုးပြတ်အရေးနိမ့်ပြီး ကျန်(၅)ပွဲကသရေဖြစ်ခဲ့လို့ ရလဒ်ပိုင်းက အဆိုးရွားချည်းမဟုတ်သေးဘူး။ ရှော်လ်ကေးအနေနဲ့ ဒီရာသီအိမ်ကွင်းပွဲတွေမှာလည်း ဘိုင်ယန်အသင်းကိုပဲ အရှုံးပေးခဲ့ရကာ ကျန်ပွဲတွေကို အနိုင်နဲ့သရေကစားထားတာ သတိပြုရမှာပါ။ လိုက်ပ်ဇစ်အသင်း နိုင်ပွဲပြန်တွေ့ထားပေမယ့် ချန်ပီယံလိဂ်နဲ့ ဘွန်ဒစ်လီဂါပွဲကျပ်တွေအကြားမှာ အမှားအယွင်းမရှိခရီးဆက်နိုင်ဖို့က သိပ် တော့မလွယ်လှဘူး။ အားထားရတဲ့ တိုက်စစ်မှူး ဗာနာကလည်း အမှတ်ပေးပွဲ(၄)ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။ ချန်ပီယံလိဂ်ကြောင့် ပွဲပန်းထားတဲ့ လိုက်ပ်ဇစ်ထက် ရှော်လ်ကေးကိုပဲ ရွေးချယ်ချင်တယ်။










