ကွန်တေ၏ ပေါင်ခြံဒဏ်ရာမှာ ထင်ထားသည်ထက် ပိုပြင်းထန်နေသဖြင့် (၃)ပတ်ခန့်နားရဖွယ်ရှိပြီး အရေးကြီးပွဲစဉ်များကို လွဲချော်မည်

ကွန်တေ၏ ပေါင်ခြံဒဏ်ရာမှာ ထင်ထားသည်ထက် ပိုပြင်းထန်နေသဖြင့် (၃)ပတ်ခန့်နားရဖွယ်ရှိပြီး အရေးကြီးပွဲစဉ်များကို လွဲချော်မည်
Photos : Daily Mail
Photos : Daily Mail
Published 20 February 2020

 

ချယ်လ်ဆီးအသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကွန်တေ၏ ဒဏ်ရာသည် ထင်ထားသည်ထက် ပိုမိုပြင်းထန်နေပြီး ယင်းဒဏ်ရာကြောင့် (၃)ပတ်ခန့်အနားယူရမည် ဖြစ်သည်ဟု သိရှိရသည်။

ယင်းအတွက်ကြောင့် ကွန်တေသည် ချယ်လ်ဆီးအသင်း၏ အရေးကြီးသည့် ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်ပြီး ရလဒ်များဆိုးရွားနေသည့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်အတွက် စိတ်ပျက်စရာသတင်းတစ်ရပ်ဖြစ်ခဲ့သည်။

ကွန်တေ အနားယူရမည့် (၃)ပတ်အတွင်း ချယ်လ်ဆီးအသင်းကစားရမည့် ပြိုင်ဘက်အသင်းများထဲတွင် စပါး၊ လီဗာပူးလ်တို့နှင့်ကစားမည့် ပွဲစဉ်များပါဝင်နေသလို၊ ယင်းပွဲစဉ်နှစ်ပွဲအကြားတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ကစားရမည်ဖြစ်သည်။

ကွန်တေသည် မန်ယူအသင်းကို (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပွဲအစ (၁၀)မိနစ်ကတည်းက ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မူလက ပြင်းထန်မည်မထင်ခဲ့သော်လည်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် Grade 2 အဆင့် ဒဏ်ရာဖြစ်နေခြင်းဖြစ်သည်။

သူသည် ချယ်လ်ဆီးအသင်းထံသို့ ပေါင်သန်း (၃၀)ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ကတည်းက အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားခဲ့သော်လည်း ယခုရာသီလမ်းပတ်လက်ထက်တွင်မူ ပွဲစဉ်တော်တော်များများကို ဒဏ်ရာပြဿနာများကြောင့် ကစားခွင့်မရဖြစ်နေသည်။

ကွန်တေသည် ဒဏ်ရာပြဿနာများကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲကို လွဲချော်ခဲ့ပြီးဖြစ်သလို၊ ယခုရာသီ ပြိုင်ပွဲစုံတွင် ကစားခဲ့သည့် ပွဲအရေအတွက်မှာလည်း (၁၇)ပွဲသာရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

Most Read

Most Recent