စင်ကာပူနှင့်ပွဲစဉ်တွင် ဒဏ်ရာဟောင်းပြန်ထိခဲ့သော ဘောလီဘောကစားသမားအောင်သူ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးချိန်အထိ အနားယူရမည်

စင်ကာပူနှင့်ပွဲစဉ်တွင် ဒဏ်ရာဟောင်းပြန်ထိခဲ့သော ဘောလီဘောကစားသမားအောင်သူ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးချိန်အထိ အနားယူရမည်
photo - Nyi Nyi Soe Nyunt
photo - Nyi Nyi Soe Nyunt
Published 4 December 2019



အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလီဘောပွဲစဉ်တစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလီဘောအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်၌ ဒဏ်ရာဟောင်းကို ပြန်ထိခိုက်မိခဲ့သောအောင်သူသည် ယင်းဒဏ်ရာကြောင့် ဆီးဂိမ်းစ်ကာလပြီးဆုံးသည်အထိ အနားယူရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်က နိုဝင်ဘာ(၄)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။



အောင်သူသည် ၄င်း၏ဒဏ်ရာဟောင်းဖြစ်ခဲ့ဖူးသော ခြေကျင်းဝတ်ကို  စင်ကာပူအသင်းအား(၃)ပွဲပြတ်အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ပြန်ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး ချက်ချင်းပင် ဆေးကုသမှုခံယူရန် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အောင်သူ၏ဒဏ်ရာအခြေအနေကိုမြန်မာနိုင်ငံဘောလီဘော အဖွဲ့ချုပ်က နိုဝင်ဘာ(၄)ရက်နေ့ ညနေပိုင်းတွင် ဘောလီဘောအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ''မြန်မာလက်ရွေးစင်ဘော်လီဘောအမျိုးသားအသင်းအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။အောင်သူအနေနဲ့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲပွဲစဉ်အားလုံးကို လွဲချော်တော့မယ်လို့သိရပါတယ်။ အောင်သူအနေနှင့် ဒဏ်ရာဟောင်းကိုထိခိုက်မိခဲ့ရပြီး ရရက်နှင့်အထက် နားရမယ်လို့လဲသိရှိရပါတယ်။ဒဏ်ရာအမြန်ဆုံးသက်သာပါစေ။မြန်မာဘော်လီဘောချစ်ပရိသတ်များနည်းတူ စိတ်မကောင်းဖြစ်ရပါတယ်။''ဟု မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလီဘောအသင်းသည် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ်လာမည့် ဒီဇင်ဘာ ၆ ရက် မြန်မာစံတော်ချိန် နံနက်(၁၁း၃၀)နာရီတွင် ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

Most Read

Most Recent