ကမ္ဘာ့ရေနံစျေး ၅၈ ဒေါ်လာအထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ နှစ်ရက်အတွင်း တစ်လီတာ ၂၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။
ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့ သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်း ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အ ထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက် တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင် ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၁ ရက်တွင် ၅၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ် ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၇၀ ကျပ် (တစ် ဂါလန် ၄၄၁၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီ တာ ၉၈၀ ကျပ် (တစ်ဂါလန် ၄၄၅၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၉၀ ကျပ် (တစ်ဂါလန် ၄၀၄၆ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၉၀ ကျပ် (တစ်ဂါလန် ၄၅၀၀ ကျပ်) ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက် သုံးဆီစျေးနှုန်းများ တစ်လီတာ ၂၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။
ပြည်တွင်းစက်သုံးဆီစျေးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက် ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံစျေး ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက် အတွင် စက်သုံးအမျိုးအစားအလိုက် ၁၁ ရာခိုင်ကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန် လည်ကျဆင်းခဲ့သည်။ ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီစျေးနှုန်းများ သုံး ရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော် အထိ ပြန်တက်ခဲ့သည်။ ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းကျော် မှ ငါးရာခိုင်နှုန်းကျော်အထိ စျေးနှုန်းများပြန် ကျလာပြီး သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ခုနစ်ရာခိုင်နှုန်းကျော်မှ ကိုး ရာခိုင်နှုန်းနီးပါးအထိ ပြန်တက်လာခဲ့သည်။ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စက်သုံးဆီစျေးနှုန်း လေးရာခိုင် နှုန်းကျော် ပြန်လည်ကျဆင်းခဲ့ပြီး အောက်တို ဘာ ၉ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ လေးရာခိုင်နှုန်းကျော် စက်သုံးဆီစျေးနှုန်းများ ပြန်တက်လာခဲ့သည်။ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ စက်သုံးဆီစျေး နှုန်းများ တစ်ရာခိုင်နှုန်းဝန်းကျင် ပြန်လည် ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ တစ်ရာခိုင်နှုန်းဝန်းကျင်မှ လေးရာခိုင်နှုန်းဝန်း ကျင်အထိ မြင့်တက်ခဲ့သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ် ခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့် ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက် သုံးဆီစျေးနှုန်း(လီတာ)များအလိုက် မြင့်တက် ခဲ့သောပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ် မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက် လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျ နည်းပါးခဲ့ကာ ဇွန် (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့ သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အတွင်း တစ်လီ တာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင် ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အထိ တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အထိ တစ် လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက် အထိ တစ်လီတာ ကျပ် ၁၀ မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့ကာ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက် ခဲ့သည်။









