စျေးကွက်တန်ဖိုးအမြင့်ဆုံး အားကစားသမား(၅၀)ဦးစာရင်းတွင် ဘောလုံးအားကစားနည်းမှ (၁၂)ဦး ပါဝင်ခဲ့ပြီး ပေါ့ဘာ အဆင့်(၁၀)ဆင့် ကျဆင်း

စျေးကွက်တန်ဖိုးအမြင့်ဆုံး အားကစားသမား(၅၀)ဦးစာရင်းတွင် ဘောလုံးအားကစားနည်းမှ (၁၂)ဦး ပါဝင်ခဲ့ပြီး ပေါ့ဘာ အဆင့်(၁၀)ဆင့် ကျဆင်း
Photos: SportsPro
Photos: SportsPro
Published 24 August 2019

၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်သည့် စျေးကွက်တန်ဖိုးအမြင့်ဆုံး အားကစားသမား(၅၀)ဦးစာရင်းတွင် ဘောလုံးအား ကစားနည်းမှ (၁၂)ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းစာရင်းကို အားကစားစီးပွားရေးဆိုင်ရာ ကဏ္ဍများတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် SportsPro မှ စစ်တမ်းပြုစုကာ ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

ယခုနှစ် စျေးကွက်တန်ဖိုးအမြင့်ဆုံးစာရင်းတွင် ဂျပန်တင်းနစ်မယ် အိုဆာကာက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က နံပါတ်(၂၇)နေရာတွင်သာရှိခဲ့သူ အိုဆာကာမှာ တစ်နှစ်အတွင်း ဂရင်းစလင်းဆုဖလား(၂)လုံးနှင့်အတူ ကမ္ဘာ့နံပါတ်(၁)နေရာရရှိခဲ့မှုကြောင့် စျေးကွက်တန် ဖိုးမြင့်တက်လာကာ ထိပ်ဆုံးသို့ တက်လှမ်းလာခဲ့သည်။

အိုဆာကာမှာ ထိပ်ဆုံးတွင်ရပ်တည်နိုင်သည့် ဒုတိယမြောက် အမျိုးသမီးအားကစားသမားဖြစ်ခဲ့ပြီး အာရှသားများထဲမှ ပထမ ဆုံးဖြစ်ခဲ့သည်။

SportsPro သည် အသက်အရွယ်၊ ကုမ္ပဏီရုံးစိုက်ရာ ဝန်းကျင်ဒေသများ စျေးကွက်အခြေအနေ၊ ထင်ပေါ်ကျော် ကြားမှု၊ စျေးကွက်အပေါ် သက်ရောက်နိုင်သည့် သြဇာတိက္ကမ နှင့် အရည်အသွေးစသည့် အချက်များပေါ်တွင် အခြေခံပြီး လာမည့်(၃)နှစ်အတွင်း ဖြစ်နိုင်ခြေရှိသည့် စျေးကွက်တန်ဖိုး ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။

ယခုစာရင်းကို ၂၀၁၀ ပြည့်နှစ်က စတင်ထုတ်ပြန်ခဲ့ပြီး ဘောလုံးလောကမှ နေမာ (၂၀၁၂ နှင့် ၂၀၁၃)၊ ပေါ့ဘာ(၂၀၁၈)တို့က (၃)ကြိမ်အထိ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

ပေါ့ဘာမှာ ပြီးခဲ့သည့်နှစ်က ထိပ်ဆုံး တွင်ရှိခဲ့ရာမှ (၁၀)ဆင့်ကျဆင်းကာ နံပါတ်(၁၁)သို့ ရောက်ရှိခဲ့ရပြီး ယခုနှစ် စျေးကွက်တန်ဖိုးအမြင့်ဆုံး(၅၀)ဦးစာရင်းတွင် အမျိုးသမီး(၁၆)ဦးအထိ ပါဝင်လာမှုမှာလည်း စံချိန်တင်အရေ အတွက်ဖြစ်ခဲ့သည်။

ဘောလုံးအားကစားနည်းမှ စာရင်းဝင်ခဲ့သူများ

အဆင့် အမည် နိုင်ငံအသင်း

၂ စတာလင် အင်္ဂလန်

၄ ရက်ပီးနိုး အမေရိကန်အမျိုးသမီး

၅ ဘာပေ ပြင်သစ်

၁၁ ပေါ့ဘာ ပြင်သစ်

၁၃ ဟာရီကိန်း အင်္ဂလန်

၂၂ အဲလက်စ်မော်ဂန် အမေရိကန်အမျိုးသမီး

၂၇ ဟယ်ဂတ်ဘတ် နော်ဝေအမျိုးသမီး

၂၉ ပူလီဆစ် အမေရိကန်

၃၀ ဆွန်ဟောင်မင် တောင်ကိုရီးယား

၃၄ ဆာလာ အီဂျစ်

၄၂ လီကေမာတင်စ် နယ်သာလန်အမျိုးသမီး

၄၆ ဗန်ဒိုက် နယ်သာလန်

Most Read

Most Recent